ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ဟောင်ကောင်အမတ်နှစ်ဦး ရဲတပ်ဖွဲ့ထံလာရောက်အဖမ်းခံ


ကြီးမားသော ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုအတွက် ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသူ လွှတ်တော် အမတ်နှစ်ဦးသည် တနင်္လာနေ့တွင် ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း AFP သတင်း အရသိရသည်။

ဒီဇင်ဘာလတွင် အဆုံးသတ် ခဲ့သည့်လမ်းများကို ပိတ်ဆို့ဆန္ဒပြမှု များတွင် အဓိကနေရာမှ သွေးထိုး လှုံ့ဆော်ခဲ့သူများကို စုံစမ်းစစ်ဆေး သွားမည်ဟု ဟောင်ကောင်ရဲတပ်ဖွဲ့ က ယခင်ကတည်းက ကြွေးကြော် ထားသည်။

ယင်းကြောင့် ဆန္ဒပြခေါင်း ဆောင်အများစုသည် အဖမ်းခံခဲ့ရ သော်လည်း တရားအစွဲမခံရဘဲပြန် လည် လွတ်မြောက်ခဲ့သည်။

ထိုသို့အငြင်းပွားဖွယ်အပြုအ မူကြောင့် ရဲတပ်ဖွဲ့၏ အနှောင့်အ ယှက်ပေးသည့် လုပ်ရပ်ဟု အချို့က ဆိုသည်။ ဟောင်ကောင်ဒီမိုကရက် တစ်ပါတီ၏ အမတ်နှစ်ဦးဖြစ်သော အဲဘက်ဟိုနှင့် ဟီလီနာဝေါင်တို့ သည် ရဲတပ်ဖွဲ့၏ တောင်းဆိုမှုကြောင့် တနင်္လာနေ့နံနက်တွင် ဝမ်ချိုင်းရဲ တပ်ဖွဲ့ရုံးချုပ်သို့ ကိုယ်တိုင်လာ
ရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။ ၄င်းတို့နှစ် ဦးစလုံးသည် ဟောင်ကောင်ဒီမိုကရေ စီလှုပ်ရှားမှု၏အမှတ်အ သားဖြစ် သော အဝါရောင် ထီးငယ်လေးများ ကို ကိုင်ဆောင်ကာ ရောက်ရှိလာ ခြင်းဖြစ်ပြီး ၄င်းတို့ကို
ထောက်ခံသူ များက တန်းတူမဲပေးခွင့်ကိုလိုချင် သည်ဟု အော်ဟစ်ခဲ့ကြသည်။

''စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ တိုက်ပွဲဝင်သူ ဟောင်ကောင်သား တိုင်းအမှား မလုပ်ခဲ့ပါဘူး။ ဒီမိုကရေ စီနည်းလမ်းကျ အဆိုပြုမှုကိုပယ်ချ ခဲ့တဲ့ ဟောင်ကောင်နှင့် တရုတ်အစိုး ရများကသာ စိတ်ပျက်စရာပါ''ဟု ဝေါင်ကရဲစခန်းအတွင်းသို့ မဝင် ရောက်မီပြောကြားခဲ့သည်။

ဟောင်ကောင်ဒေသ၏ အုပ် ချုပ်သူကိုရွေးချယ်ခွင့်တွင် တရုတ် အစိုးရ၏ ကန့်သတ်မှုများကြောင့် ဟောင်ကောင်သားများစက်တင် ဘာလမှ စတင်ကာဆန္ဒပြခဲ့သည်။ ထိုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ထင် ရှားသော လူငယ်ကျောင်းသားခေါင်း ဆောင်များသည်လည်း ၄င်းတို့ကိုယ် တိုင်သွားရောက် အဖမ်းခံခဲ့ပြီး ရဲတပ် ဖွဲ့က တရားစွဲဆိုမှု မပြုလုပ်ဘဲအား လုံးကို ပြန်လွှတ်ပေးခဲ့သည်။ ထိုသို့ ပြန်လွှတ်ပေးခြင်းသည် တရားစွဲဆို ခြင်းအခွင့်အရေးကို လေးစားခြင်းဖြစ် ကြောင်း ဟောင်ကောင်ရဲက ပြောသော် လည်း ဆန္ဒပြခေါင်းဆောင်များက အပြစ်လုပ်မိသည့် သက်သေရှိလျှင် တရားစွဲနိုင်သည်ဟု ရဲတပ်ဖွဲ့ကို ပြန် လည်တုံ့ပြန်ခဲ့သည်။

Democracytoday‬

မှတ်ချက်များ