တောင်ကိုရီးယားနှင့် အမေရိကန်စစ်ရေးပြပွဲကို မကျေနပ်၍ မြောက်ကိုရီးယားဒုံးပျံများပစ်ခတ်


တောင်ကိုရီးယားနှင့် အမေရိ ကန်တို့၏ ပူးတွဲစစ်ရေးပြပွဲကို တနင်္လာ နေ့တွင်စတင်ခဲ့ရာ မြောက်ကိုရီးယား က စိတ်ဆိုးကာ ဒုံးပျံနှစ်စင်းအား ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်ခြင်းအဖြစ်လည်း ရှုတ်ချလိုက်ကြောင်း AFP သတင်း က ဖော်ပြခဲ့သည်။

နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ အမြဲတမ်းစစ်ရေးတင်းမာမှုကို ဖြစ် စေပြီး ကိုရီးယား ကျွန်းဆွယ်၌ စစ် လို လားသော ပြောကြားမှုကို အမြဲ ကြားနေရသည် ဟုဆိုသည်။ လေ့ လာသူများက မြောက်ကိုရီးယား၏ ဒုံးပျံစမ်းသပ် ပစ်လွှတ်မှု သည် ကြို တင်ခြိမ်းခြောက်မှုကို ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

အကယ်၍ သိသာသောပြင်း ထန်မှု ပေါ်ပေါက်လာပါက မြောက်ကို ရီးယားက ရေပြင်ပိုင်နက်အတွင်း ပြ ဿနာတစ်စုံတစ်ခု လုပ်လာနိုင်ကြောင်း ဆိုးလ်မြို့ အမျိုးသားတက္ကသိုလ်မှ ဂျန်ယောင်တေးက ပြောခဲ့သည်။

နျူကလီးယားပိုင် မြောက်ကိုရီး ယားက ဒုံးပျံကို စတန့်ထွင်၍ ပစ် ခတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ ကိုရီးယားကျွန်း ဆွယ်၌ စစ်နှုတ်ခမ်းဝကို ဦးတည် နေကြောင်း ၄င်းကဆိုသည်။

မိုင် ၃၁ဝ (၅ဝဝ ကီလိုမီတာ)အကွာအဝေးသို့ပစ်နိုင်သည့် မြောက် ကိုရီးယားဒုံးပျံနှစ်စင်းအား အနောက် ဘက် နမ်ပိုမြို့ဆိပ်ကမ်းမှ ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း ပင်လယ်ထဲသို့ မကျမီ မြောက်ကိုရီးယားနိုင်ငံကို ဖြတ်ကျော်လာခဲ့ခြင်းဖြစ်သည်။

ဤစမ်းသပ်မှုမှာ စစ်ရေးလေ့ ကျင့်မှု စတင်ခြင်းအပေါ် ရန်စမှု ဖြစ်ကြောင်း စစ်ဦးစီးချုပ်က ပြောခဲ့ သည်။ နောက်ထပ်ပစ်ခတ်မှုအပေါ် သတိဝီရိယဖြင့် စောင့်ကြည့်သွားရ မည်ဟုလည်း ပြောခဲ့သည်။

ဒုံးပျံပစ်ခတ်ခြင်းမှာ မြောက် ကိုရီးယား၏ တောင်ကိုရီးယားနှင့် ၄င်း၏ မဟာမိတ်များအပေါ် မကျေ နပ်၍ ဒေါသဖြစ်ကြောင်းကိုဖော်ပြ သည့် သင်္ကေတဖြစ်သည်ဟုဆိုသည်။

အမေရိကန်နှင့် တောင်ကိုရီး ယားက စစ်ရေးလေ့ကျင့်မှုမှာ ကာ ကွယ်ရေး အတွက်သာဖြစ်ကြောင်း ပြောခဲ့သော်လည်း မြောက်ကိုရီးယား က အမြဲရှုတ်ချလျက် ရှိသည်။

‎Democracytoday‬

မှတ်ချက်များ