မြန်မာနိုင်ငံမှတက္ကသိုလ်ခြောက်ခုကို အာဆီယံတက္ကသိုလ်များ အဆင့်သို့ ရောက်ရှိရန် အဆင့်မြှင့်တင်သွားမည်


မြန်မာနိုင်ငံမှ တက္က သိုလ်ခြောက်ခုကို အာဆီယံတက္က သိုလ်များ အဆင့်သို့ရောက်ရှိရန် အ ဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အဆင့်မြှင့်တင်မည့်တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မိတ္ထီ လာစီးပွားရေးတက္ကသိုလ်နှင့် ရတနာ ပုံတက္ကသိုလ်တို့ဖြစ်ကြောင်း၊ ယင်း တက္ကသိုလ်များကို အာဆီယံအဆင့် တက္ကသိုလ်များဖြစ်စေရန်အတွက် အာဆီယံတက္ကသိုလ်များ ကွန်ရက် ASEAN University Network (AUN) အဖွဲ့ဝင်ဖြစ်စေရန် ဆောင် ရွက်ကာ ယင်းအဖွဲ့၏စံချိန်စံနှုန်းများ အတိုင်း အဆိုပါတက္ကသိုလ်ခြောက် ခုကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်များမှ သိရသည်။

''နိုင်ငံတကာအဆင့်မီဖို့ ပထမ ဆုံးရည်မှန်းထားတာကတော့ AUN ရဲ့ အရည်အသွေး အာမခံစနစ် QA ကို အရင်တည်ဆောက်ရမှာပါ။ ဒီ လိုလုပ်နိုင်မှ ဒီနိုင်ငံကတက္ကသိုလ် က ဘယ်အဆင့်ရှိတယ်ဆိုတာ သိမှာ ပါ။ ဒါကြောင့် နိုင်ငံတကာအဆင့်ရှိ ဖို့ နိုင်ငံတကာအဆင့်ရှိတဲ့ အဖွဲ့အ စည်းတွေမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုအပ် တာပါ။ ရန်ကုန်တက္ကသိုလ်အနေနဲ့ အရည်အသွေး အစစ်အဆေးခံနိုင် ဖို့ AUN မှာပါတဲ့ QA စံနှုန်းတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနေပါတယ်'' ဟု ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်သူက ပြောသည်။

လက်ရှိတွင် AUN သို့ မြန်မာ နိုင်ငံမှ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္က သိုလ်တို့မှ ၂ဝ၁ဝ ခုနှစ်ခန့်က အ ဖွဲ့ဝင်တက္ကသိုလ်များအဖြစ် ဝင်ရောက် ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ဒဂုံ တက္ကသိုလ်သည် ယင်းအဖွဲ့သို့ ဝင် ရောက်နိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိနေကြောင်း သိရသည်။

''ဒီအစီအစဉ်ကို ကနဦးအနေ နဲ့ AUN အဖွဲ့ဝင်တက္ကသိုလ်တွေက ကျောင်းသားတွေအတွက် အရင်ဆုံး ရရှိအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ AUN က ၂ဝ၁၅မှာ ကျောင်းသားတွေအ တွက် Credit Transfer System ရရှိအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ သဘောတူ ညီချက်တွေ ရှိနေလို့ပါ။ ဆရာတို့အ နေနဲ့တော့ ရရှိအောင်တော့ အစွမ်း ကုန်လုပ်နေပါတယ်။ တက္ကသိုလ် ခြောက်ခုကို အရင်ဆုံး လုပ်ရတယ်ဆို တာက စံချိန်စံညွှန်းတွေနဲ့ အကိုက် ညီဆုံးဖြစ်အောင်လုပ်နိုင်ဖို့ ဝါရင့်တဲ့ တက္ကသိုလ်တွေမှ အဆင်ပြေနိုင်တာ ကြောင့်ပါ'' ဟု မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်သင်း က ပြောသည်။

ယင်းတက္ကသိုလ်များတွင် Quality Assurance တည်ဆောက်ရန် အတွက် နိုင်ငံတကာတက္ကသိုလ်များ၊ နိုင်ငံတကာ ပညာရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို ရန်ကုန်တက္က သိုလ်နှင့် မန္တလေး တက္ကသိုလ်တို့က အများဆုံးဆောင်ရွက်ထားနိုင် ကြောင်း သိရသည်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ