အိမ်ဆောက်ပစ္စည်းသုံးကျောက်စရစ် တစ်ကျင်းလျှင် ကျပ် ၃ဝဝဝကျဆင်းလာပြီး အရောင်းအဝယ်မြင့်တက်
ယခုနှစ် မတ်လ အတွင်း အိမ်ဆောက်ပစ္စည်းသုံး ကျောက်စရစ်ဈေးနှုန်းများမှာ တစ် ကျင်းလျှင် ကျပ် ၃ဝဝဝ ကျဆင်း သွားကာ အရောင်းဝယ်များမြင့်တက် လာနေကြောင်း ရန်ကုန်မြို့ အခြေစိုက် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနှင့် ထုံးအရောင်းဆိုင်များမှ သိရသည်။
ယင်းကဲ့သို့ကျဆင်းရခြင်းမှာ ဈေးကွက်အတွင်း ယခုအပတ်တွင် ကျောက်ဝင် ရောက်မှုများခြင်း ကြောင့်ဖြစ်ပြီး ပွင့်လင်းရာသီဖြစ်၍ ဆောက်အအုံ လုပ်ငန်းများပြန်လည် ၍ အရောင်းဝယ်မြင့်တက်ရခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာဖွံ့ဖြိုးအောင် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနှင့် ထုံးရောင်း ဝယ်ရေးမှ မဝေဝေအောင်က ''အ ခုလ ပထမပတ်မှာ ကျောက်ဝင်ရောက် မူများပြီး ကျောက်ဈေးနှုန်းပြန်ကျ သွားတယ်။ ပွင့်လင်းရာသီရောက် တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည် တွင်ကျယ်လာပြီး အရောင်း ဝယ်တွေကောင်းလာပါတယ်''ဟု ပြောသည်။
လက်ရှိ ဈေးကွက်အတွင်း ကျောက်စရစ်ဈေးနှုန်းများမှာ တစ် ကျင်းလျှင် ယခင်က ကျပ် ၇၆ဝဝဝ ရှိခဲ့ပြီး အခုနှစ်လဆန်းပိုင်းတွင် ကျောက်စရစ် တစ်ကျင်းလျှင် ကျပ် ၇၃ဝဝဝ ရှိခဲ့ရာ ကျပ် ၃ဝဝဝ ကျော် ထိကျဆင်း သွားကြောင်းသိရသည်။
ဒေါ်ငွေဝင်းနှင့် သားများအုတ်၊ သဲ၊ ကျောက်၊ ဘိလိပ်မြေ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ''အ ရင်က ပစ္စည်းရှားလို့ ဈေးတွေဆက် တိုက်တက်ခဲ့ပြီး အခုမှပစ္စည်းတွေ အဝင်များပြီး ဈေးအနည်းငယ်ပြန်ကျ တာသွားတာပါ။ အရင်ကထက်စာ ရင် ရောင်းအားကောင်းတယ်။ ဖောက် သည်လဲ ပေးရတယ်''ဟု ပြောကြား ခဲ့သည်။
လက်ရှိတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးအရောင်းဆိုင်များအ နေဖြင့် ကျောက်များကို မြန်မာနိုင်ငံ အထက်ပိုင်းအညာဒေသများမှ မှာ ယူရကြောင်း သိရသည်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ