နိုင်ငံသားများ လုံခြုံမှုအတွက်အဖြေ အစိုးရမှာရှိနေပြီလား


နိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း မှစတင်ကာ လူမသိသူမသိဖြင့် တရိပ် ရိပ်တက်လာသော ကိန်းဂ ဏန်းတစ်ခု ရှိနေသည်။ မတူ ညီသော အကြောင်းအရာများ မတူညီသော ဖြစ်စဉ်များ နှင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေသော လူသတ်မှု ကိန်း ဂဏန်းပင် ဖြစ်သည်။

လက်ရှိတွင် တစ်နှစ်နှင့် တစ်နှစ် စံချိန်တင်ဖြစ်ပွားနေသော လူသတ်မှုများနှင့် လူမြင် ကွင်း၌ပင် ရက်ရက် စက်စက် သတ်ဖြတ်မှုများက ပြည် သူများ၏ လုံခြုံရေးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ သည်။

၂ဝ၁၄ ခုနှစ် ဇွန်လ။ ရန်ကုန်မြို့အတွင်း မှုခင်းအများဆုံးဖြစ်ပွားရာ မြို့နယ်တစ်ခု၊ အထူးသဖြင့် လူသတ်မှု အများဆုံးဖြစ်ပွားရာ မြို့နယ် တစ်ခုဖြစ်သည့် လှိုင်သာယာတွင် စားသောက်ဆိုင်တစ်ဆိုင်အတွင်း လူ အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားရာမှ သွေးပျက်ချောက်ချား စရာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ထုံးစံအားဖြင့် လူသတ်မှုဖြစ်စဉ်တစ်ခုတွင် အနီးရှိ မျက်မြင်သက်သေအချို့သာ ယင်းဖြစ်စဉ်ကို မြင်တွေ့ သိရှိနိုင်သော်လည်း အဆိုပါစားသောက်ဆိုင် ၌ တပ်ဆင်ထားသည့် စီစီတီဗွီကင်မရာမှ အဆိုပါလူ သတ်မှုဖြစ်စဉ်အား ရိုက်ကူးထားလိုက်ပြီး အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

ယင်းရန်ပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသားတစ် ယောက်က အခြားအမျိုးသား တစ်ယောက်ကို ဓားဖြင့် အ ချက်ပေါင်းများစွာ ထိုးသတ်နေသည့်မြင်ကွင်းသည် ကွန်ပျူတာဖန်သားပြင်တွင် အက်ရှင်ကားတစ်ကား ကြည့် ရသလို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

လေးမိနစ်မျှသာကြာသော အဆိုပါ စီစီတီဗွီ ဖိုင်မှာ လှိုင်သာယာမြို့နယ် စားသောက်ဆိုင်တစ်ဆိုင် တွင် ၂ဝ၁၄ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းစီစီတီဗွီဖိုင်သည် ရက်စက်ကြမ်းကြုတ်သည့် စရိုက် သဘာဝကို ထင်ဟပ်စေခဲ့ပြီး ကြည့်ရှုမိသူများကို သွေး ပျက် ထိတ်လန့်စေခဲ့သည်။

''အဲဒီတုန်းကဆို အဲဒီဗီဒီယိုကိုကြည့်ပြီး ကိုယ့် ကိုယ်ကိုယ် မလုံခြုံတော့သလို ခံစားရတယ်။ ကျောချမ်း စရာဗျာ၊ လူတစ်ယောက်က လူတစ်ယောက်ကို သတ် ချင်ရင် အလွယ်လေးဗျ၊ ရဲတပ်ဖွဲ့တွေရဲ့ ကာကွယ်မှုအ ပိုင်းကတော့ အဲဒီဖြစ်စဉ်မှာပဲကြည့်လေ၊ ဖြစ်ပြီး သေ သွားမှရောက်လာတာ မမြင်ကွယ်ရာမှာ ဆိုလဲ ထားလိုက် တော့ လူမြင်ကွင်းကြီးမှာ ဖြစ်သွားတာလေ၊ ကိုယ့်ကိုယ် ကိုယ် ကာကွယ်တာပဲ အကောင်းဆုံးပါဗျာ''ဟု အဆိုပါ ဗီဒီယိုဖိုင်အား ကြည့်ရှုခဲ့သူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ် မဖြစ်ပွားမီ လွန်ခဲ့သော သုံး လခန့်ကလည်း ရန်ကုန်မြို့လယ် ကောင်တွင် လူနှစ်ဦး ပုခုံးချင်းတိုက်မိ၍ အချင်းများရာမှ ပုလင်းကွဲဖြင့် ရင်ဝ ကိုထိုးခွဲကာ ဓားဖြင့် ဦးခေါင်းပြတ်လုနီးပါး ခုတ်သတ်ခံ ရမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

၂ဝ၁၄ ခုနှစ် မတ်လ ၁၅ ရက်။ ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် မေတ္တာရိပ် သာ လမ်းပေါ်တွင် ညနေအချိန်၌ လူတစ်ဦး ဓားဖြင့် ခေါင်းပြတ်လုနီးပါး မသေမချင်း ခုတ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ခုတ်သတ်ခံခဲ့ရသည့်သူမှာ ပြစ်မှုကျုးလွန်ခဲ့ သူ တရားခံနှင့် ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိဘဲ မတ ရား ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ အသတ်ခံရသူ၏ မိသားစုမှ ရှင်းလင်းပြောကြားခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့်နေ့က ဓားဖြင့် ခုတ် သတ်ခံခဲ့ရသူ ကိုမင်းမင်းဦးမှာ အလုပ်မှအပြန် ဝါးတံ တားလမ်းတွင်နေထိုင်သည့် အစ်ကိုဖြစ်သူအိမ်သို့ ထ မင်းစားရန်သွားရာ မရှိသဖြင့် ပြန်ထွက်လာစဉ် အရက် မူးယစ် သောက်စားထားသူ ကိုချစ်ပိုနှင့် ပခုံးချင်းတိုက် မိပြီး အချင်းများရာမှ ယခုကဲ့သို့ ဓားဖြင့်ခုတ်သတ်ခံခဲ့ ရခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုကြသည်။

အခင်းဖြစ်ပွားခဲ့သည့်ညက ကိုမင်းမင်းဦး မှာ ထိုင်ကန်တော့၍တောင်းပန်စဉ် တရားခံက ဦးခေါင်း ကို အရက်ပုလင်းဖြင့်ရိုက်ခွဲကာ ပုလင်းကွဲဖြင့် ရင်ဘတ် ကိုထိုးခွဲပြီး လဲကျသွားသည့်အခါ တရွတ်တိုက် ဆွဲခေါ် သွားပြီးမှ နေအိမ်သို့ ပြန်ဓားယူပြီး မသေမချင်း ခုတ် သတ်ခဲ့သဖြင့် အပိုင်းပိုင်းပြတ်ရှဒဏ်ရာများ အပါအဝင် ဦးခေါင်းပြတ်လုနီးပါးဖြစ်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီမှာပင် အ ဆိုပါမြို့နယ်နေ ပြည်သူပေါင်း ၂ဝဝ ခန့်မှ မင်းမဲ့စရိုက် ပပျောက်ရေး၊ ပြစ်မှုကျူးလွန်သူအား ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ မြို့နယ်တွင်း တရားဥပဒေ စိုးမိုး ရေးနှင့် ပြည်သူများဘဝ လုံခြုံမှုရှိရေးဟူသည့် စာတန်း များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းက ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနေ သည်ဟူသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုံခြုံရေးဆောင် ရွက်နေမှုအပိုင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည် ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများကဆို သည်။

''လူသတ်မှုဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအပိုင်းအပေါ် မေးခွန်း ထုတ်စရာတွေ ရှိလာနိုင်တယ်။ သာမန်အားဖြင့် ကြည့် မယ်ဆိုရင်တော့ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက် မှု ပေါ့။ အင်အားမလုံလောက်တော့ နေရာတိုင်းမှာ တရား ဥပဒေစိုးမိုးမှု မရှိနိုင်ဘူး။ နောက်ပြီး ခြစားမှုအ ပိုင်းပေါ့။ ငါငွေပေးရင် ရတယ်ဆိုတဲ့အသိက မှုခင်းတွေကို လွယ် လွယ်ကူကူ ကျူးလွန်လာစေ တယ်။ တရားစီရင်ရေး ခြ စားမှုအပိုင်းကြောင့်လည်း ပြည်သူတွေက တရားရုံးတွေ ကို အယုံအကြည် မဲ့လာတယ်။ အဲဒီမှာ မိမိကိုယ်ကို မလုံ ခြုံတော့ဘူးဆိုတဲ့အသိကို ခံစားရစေတာပါပဲ''ဟု လူ့အ ခွင့်အရေးလှုပ်ရှားသူ Equality Myanmar မှ အုပ်ချုပ် မှုဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

''ပြစ်မှုကျူးလွန်မဲ့သူကလဲ လွယ်လွယ်ကူကူ ပဲ ပိုက်ဆံရှိရင်ဖြစ်တယ်ဆိုတဲ့ အတွေးမျိုး၊ ခံရတဲ့သူက လဲတစ်ဖက်က ငွေနဲ့လိုက်လို့ မမျှတတဲ့တရားစီရင်မှု တစ်ခုကို ခံလိုက်ရတဲ့အခါမှာ ပြည်သူတွေအနေနဲ့ အ ယုံအကြည် ကင်းမဲ့လာတယ်။ မှုခင်းဖြစ်စဉ်တွေမှာလဲ မျက်မြင်သက်သေဆိုရင်တောင် ရဲကို မယုံကြည်တဲ့ အ တွက် ထုတ်ဖော်ပြဆိုတာတွေ မရှိတော့ဘူး။ အဲဒီလို ရဲ နဲ့ပြည်သူ သီးခြားတွေဖြစ် သွားတဲ့အတွက် မှုခင်းကျူး လွန်သူတွေအနေနဲ့ သွေးအေးအေးဖြင့် ကျုးလွန်လာ ကြတယ်''ဟု ဦးအောင်မျိုးမင်းက ဆက်ပြော သည်။

လူငါးဦး တစ်နေရာတည်းတွင် အသတ်ခံခဲ့ ရပြီး ယခုတိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် စိမ်း လဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုအကြောင်းအရာ ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းဖော်ထုတ်မှု စွမ်း ရည်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ လူသတ်မှုခင်းတွေကို ကြည့်မယ်ဆိုရင် အမျိုးအစား အ များကြီးရှိတယ်။ အခြေခံအားဖြင့်တော့ ရုတ်တရက် ဒေါသကြောင့် စိတ်ခံစားမှုအလျောက် လုပ်မိတာတွေ၊ မူးယစ်ဆေးကြောင့် လုပ်မိတာတွေ အစားစားရှိပါတယ်။ အခုနောက်ပိုင်းဆို ချစ်သူ အချင်းချင်းတွေကြားထဲ ရန် ဖြစ်တာတောင် လူသတ်လာတဲ့အထိ လုပ်လာကြတယ်။ ဒီလို သွေးအေးအေးနဲ့ လူသတ်ရဲလာကြတာက မြန်မာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို အကြီးအကျယ် စိန်ခေါ် မှုတွေ ဖြစ်လာစေတယ်''ဟု အငြိမ်းစားရဲအရာရှိတစ်ဦး က ပြောသည်။

၂ဝ၁၄ ခုနှစ် သြဂုတ် ၁၉ ရက်က မန္တလေး မြို့ ၆၂ လမ်းပေါ်တွင် ဆေးကြောင်နေသူ အမျိုးသား တစ်ယောက်မောင်းလာသော ကားက လမ်းဘေးရပ် နေသူများကို ဝင်တိုက်မိသောကြောင့် နေရာတွင်ပင် လူလေးဦး သေဆုံးခဲ့သည်။ ကြိုတင်ကြံစည်ကာ သေစေ လိုသောစိတ်ဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်စေကာမူ မူးယစ် သားကောင်တစ်ဦး၏ ပယောဂကြောင့် လူလေးဦး အ သက်စတေးခဲ့ရသည်။

မူးယစ်ဆေးနှင် လောင်းကစားလုပ်ငန်း များကြောင့် ဒုစရိုက်မြို့တော်ဟု ကင်ပွန်းတပ်ခံထား ရသည့် မူဆယ်မြို့တွင်လည်း ခြောက်နှစ်အရွယ် ကလေးတစ်ယောက် ရင်ခွဲအသတ်ခံခဲ့ရသည့်ဖြစ် စဉ်မှာလည်း ဆေးကြောင်နေသူ၏ လက်ချက်ပင် ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ရှင်းလင်းပြောကြားထား သည်။

ထို့ပြင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် တွင် ဖြစ်ပွားခဲ့သော ညအချိန် ထမင်းလက်စုံစား နေသည့် မိသားစုတစ်စုကို ဆေးကြောင်နေသည့် လူငယ်တစ်ယောက်က ဝင်ရိုက်ခဲ့မှု၊ ပြည်လမ်းမ ပေါ် ပြည်သူ့ ရင်ပြင်အနီးတွင် မူးယစ်ဆေးသုံးထား သူ အမျိုးသားတစ်ယောက်က လမ်းဘေးတွင်ရပ် ထားသော ကားရှစ်စီးကို ဝင်တိုက်မှုများမှာ လူ သတ်မှုမဟုတ်သည့်တိုင် ပုံမှန်လှုပ်ရှားသွားလာနေ ကြသော အများပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်အတွက် လုံခြုံမှုအပိုင်းတွင် များစွာယိုယွင်း မှုရှိနေကြောင်း မီးမောင်းထိုးပြနေသယောင်ပင်။ ပြည်သူတို့၏ နေ့စဉ်ဘဝတွင် လုံခြုံမှုကင်းမဲ့ခြင်း ဆိုသည့် ခံစားမှုကလည်း တဖြည်းဖြည်းမြင့်တက် လာနေကြောင်း ရပ်ကွက်ထဲတွင် နေ့စဉ်ဖြစ်ပွားနေ သည့် ရန်ပွဲများ၊ ရိုက်ပွဲများက သက်သေခံနေသည်။

အဆိုပါ ဖြစ်စဉ်များကိုကြည့်လျှင် လူ ငယ်များ၏ ပညာအရည်အချင်းနှင့် အတွေးအခေါ် ဗဟုသုတနိမ့်ပါးခြင်း၊ အလုပ်လက်မဲ့ပေါများလာ ခြင်းတို့မှာ အခရာကျသည့်အချက်များ ဖြစ်နေ တတ်ပြီး အရှေ့တောင်အာရှနိုင် ငံများနှင့် နှိုင်းယှဉ် ကြည့်ပါက အရက်ဘီယာဆိုင်များ စံချိန်တင်လောက် အောင် များပြားခြင်းတို့ကလည်း အကြမ်းဖက်မှု များ၊ ခိုက်ရန်ဖြစ်ပွားမှုများကို တွန်းအားပေးစေသ လို ဖြစ်နေခဲ့သည်။ ယခုနောက်ပိုင်းတွင် ဆေးကြောင် နေသူကြောင့် အပြစ်မဲ့ပြည်သူများ အချောင်ဒုက္ခ ရောက်ရသောဖြစ်စဉ်များ ခပ်စိပ်စိပ် ပိုတွေ့လာ ရသည်။ မူးယစ်ဆေးကြောင့် လူမသိသူမသိဖြစ်ခဲ့ သည့် အနိဋ္ဌာရုံအဖြစ်ဆိုးများ နိုင်ငံတစ်ဝန်းရှိနေ ပါသည်။

၂ဝ၁၄ခုနှစ်တွင် တရားဝင်ကောက်ယူ ထားသော သန်းခေါင်စာရင်း ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး ငါးသန်းကျော် နေထိုင်ရာ ရန်ကုန်မြို့တော်တွင် ရဲတပ်ဖွဲ့အင်အား ၇ဝဝဝကျော်သာ ရှိနေသည်။ ပျမ်းမျှအချိုးချမည် ဆိုပါက လူ ၉ဝဝ ဝန်းကျင်တွင် ရဲတစ်ဦးသာ ကာ ကွယ်မှုပေးနိုင်သည့် အခြေအနေတွင်ရှိနေသည်။

''ရဲတပ်ဖွဲ့အင်အားနည်းတာထက် ရဲ တစ်ယောက်ကို လုံလောက်တဲ့ ပံ့ပိုးမှုတွေပေးနိုင် မယ်ဆိုရင်၊ အရည်အသွေးမြှင့်တင်မှု လုပ်ပေးနိုင် မယ်ဆိုရင် အရေအတွက်က အဓိကမကျတော့ပါ ဘူး''ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

မှုခင်းတစ်ခုအား စုံစမ်းဖော်ထုတ်ရာ တွင် အဓိကလိုအပ်သည့် ထောက်ပံ့မှုအပြင် နည်း ပညာပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုများ လိုအပ်ပြီး လက်ရှိအခြေအနေအရ အမှုစစ်တစ်ဦးလျှင် အမှုပေါင်းများစွာ ကိုယ်တွယ် နေရသည့်အပြင် အချို့သော အမှုများမှာ ငွေအင် အား၊ လူအင်အား များများအသုံးပြုနိုင်ရန်လိုအပ် ကြောင်း ၄င်းကဆိုသည်။

''များသောအားဖြင့်တော့ အမှုတစ်ခု လိုက်ရတာ ထောက်ပံ့မှုတွေ လိုအပ်တာပေါ့။ ဥပ မာ-လူသတ်မှု ဆိုကြပါစို့။ အမှုသွားစရိတ် လာ စရိတ် အချို့အထွေထွေကုန်ကျစရိတ်တွေ စုံစမ်း တဲ့အခါ ကုန်ကျတာ ရှိတယ်။ ဒါကိုတရားလိုမိသားစု က အမှုမှန်မှန်ပေါ်ပေါက်စေချင်တဲ့အတွက် ထောက် ပံ့တဲ့ ပုံစံမျိုးနဲ့ ပေးတာရှိတာပေါ့။ ဒါကိုတော့ လာဘ်စားတယ်လို့ ပြောဖို့ခက်တယ်''ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

အစိုးရသစ်တက်ပြီး တစ်နိုင်ငံလုံး မှု ခင်းဖြစ်ပွားမှုနှုန်းမှာလည်း အရေအတွက်ကိန်း ဂဏန်းအရ ၂ဝ၁ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူသတ်မှု ၇၉၅မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၁ခုနှစ်မှ စတင်ကာ နှစ်စဉ်လူသတ်မှုပေါင်း ၁၃ဝဝ ဝန်းကျင်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ ၂ဝ၁၄ ခုနှစ်တွင်မူ နှစ်မကုန်မီအထိ လူသတ်မှုစုစုပေါင်း ၁၃ဝဝ ကျော်ရှိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသော စာရင်းများက ဖော်ပြထား သည်။

အဆိုပါအချက်အလက်များအရ အင် အားတိုးချဲ့ဖွဲ့စည်းခြင်းနည်းလမ်းဖြင့် ပြည်သူများ ၏ လုံခြုံမှုကို အပြည့်အဝကာကွယ်ပေးနိုင်မည် လားဟူသည့် မေးခွန်းအား အစိုးရအနေဖြင့်အဖြေ ရှာရန် လိုအပ်ပြီဖြစ်သည်။

မကြာမီကဖြစ်ပွားခဲ့ သော လူသတ်မှုဖြစ်စဉ်တစ်ခုမှာ မြန်မာနိုင်ငံ၏ ပင်မအသက်သွေးကြော အုပ်ချုပ်မှုဆိုင် ရာယန္တရား မြို့တော်ဖြစ်သည့် နေပြည်တော် ဥတ္တရသီရိမြို့ နယ် မကွေး(ကံပြား)လမ်းဘေးပေါ်တွင် ဖေဖော် ဝါရီ ၁၈ ရက်က ခေါင်းနှင့်ခါးအား သေနတ်ဖြင့် ပစ်ကာ မီးရှို့သတ်ဖြတ်ခံထား ရသည့် အမျိုးသမီး ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ခြင်းမှာ မြန်မာနိုင်ငံ တွင် တရားဥပဒေစိုးမိုးရေးအား စိန်ခေါ်မှုတစ်ရပ် ဖြစ်လာစေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တရားဥပဒေ စိုးမိုးရေး လိုအပ်သည်ဆိုသည့် အချက်မှာ ပြည်သူ များ၏ နေ့စဉ်ဘဝ လုံခြုံမှု အပေါ် ခြိမ်းခြောက် ခံနေရမှုများမှ ကင်းဝေးရန်အတွက် ရည်ရွယ်ပြော ဆိုခြင်းသာဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံ များကိုပင် သွားကြည့်ပါက လမ်းပေါ်တွင် တော် တော်တန်တန် ခိုက်ရန်ဖြစ်ပွားမှုများကို တွေ့နိုင် မည် မဟုတ်ပါ။ မြန်မာပြည်မှ ရပ်ကွက်များတွင် တော့ တော်တော်တန်တန် ထိုးကြိတ်သည်လောက် တော့ ဝင်ဆွဲသူပင်သိပ်မရှိချင်တော့။ ပြည်သူများ အဖို့ ရိုးအီသလိုပင်ဖြစ်လာသည်။

''စင်ကာပူမှာ လမ်းပေါ်မှာ ဘယ်သူမှ ရန်မဖြစ်ရဲဘူး။ ဖြစ်ရင်လဲ ဥပဒေအရ မချောင်ဘူး လေ။ တချို့က လမ်းပေါ် တအားစိတ်ဆိုးလာပြီဆို ရင် ခြေဟန်လက်ဟန်လောက်နဲ့သာ စကားပြော စကားများတာလောက် ပဲ လုပ်တယ်။ ဖြစ်ရင် ဘယ် ကနေ ရောက်လာမှန်းမသိတဲ့ လုံခြုံရေးက ဖမ်း ခေါ်သွားမှာ။ မြန်မာပြည် မှာတော့ အဲလိုမဟုတ် ဘူး။ ထစ်ကနဲဆို ချကြရိုက်ကြနဲ့''ဟု စင်ကာပူနိုင်ငံ တွင် အလုပ်လုပ်နေသည့် ကိုကျော်ကျော်က ပြော သည်။

မြန်မာနိုင်ငံတွင် မဖော်ထုတ်နိုင်သော အမှုများစွာရှိနေသည်။ လက်ရှိ အချိန်အထိ ပြည် သူများ၏ ဘဝလုံခြုံမှု များနှင့်ပတ်သက်၍ အတိုင်း အတာတစ်ခုအထိ ခြိမ်းခြောက်ခံနေရဆဲ ဖြစ် သည်။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည်ပင် လျှင် နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးများ ပျံ့နှံ့နေ ပြီး နိုင်ငံသားများအတွက် စိုးရိမ်စ ရာကောင်းနေ ကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။

သမ္မတတစ်ဦးအနေဖြင့် မူးယစ်ဆေး နှင့် ပတ်သက်၍ ထုတ်ဖော် ဝန်ခံမှုသာမက ပုံ သဏ္ဌာန်မျိုးစုံဖြင့် အကြမ်းဖက်ခြိမ်းခြောက်ခံနေ ရဆဲဖြစ်သည့် နိုင်ငံသားများ၏ ဘဝလုံခြုံရေးအ တွက် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် အဖြေတစ်ခုရှိရန် လိုအပ်နေပေပြီ။

စင်ကာပူလို နိုင်ငံမျိုးဖြစ်အောင်တည်ဆောက်မည်ဆိုပြီး သမ္မတ ဖြစ်ကာစက ပြောကြားခဲ့ဖူးသည့် သမ္မတဦးသိန်း စိန်အနေဖြင့် စင်ကာပူကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမျိုး ရရှိအောင် ဆောင်ရွက်ပေးနိုင်ရန် အခွင့်အရေး နည်းသွားပြီဖြစ်သည့်အတွက် အနာဂတ်တွင် စင် ကာပူကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဘဝ လုံခြုံမှုရှိရေးအတွက် မျိုးစေ့ချပေးရန်တော့ မဖြစ် မနေ လိုအပ်နေပြီဖြစ်ပါကြောင်း။ ။

ဇွဲမာန် - TheFlowerNews‬

မှတ်ချက်များ