၉၁၄ ရက်အကြာတွင် ၂၁ခုမြောက်ဆုဖလားကို ချဲလ်ဆီးနည်းပြမော်ရင်ညို ရယူ
ချဲလ်ဆီးနည်းပြ မော်ရင်ညို သည် အသင်းနှင့်အတူ နှစ်နှစ်ကြာ ပြန်လည် ကိုင်တွယ်ခဲ့ချိန်၌ ရက်ပေါင်း ၉၁၄ရက်အကြာတွင် ချန်ပီယံဆုဖ လားအဖြစ် ကယ်ပီတယ်ဝမ်းချန်ပီ ယံဆုကို စပါးအသင်းအားအနိုင်ယူ ကာ ရရှိခဲ့သည်။
ကယ်ပီတယ်ဝမ်း ဖလားကို သုံးကြိမ်မြောက်ရယူနိုင် ခဲ့ခြင်းဖြစ်ပြီး အောင်ပွဲခံမှုကို မိနစ် ၂ဝကြာပြုလုပ်ခြင်း က လုံလောက် မည်ဖြစ်ပြီး ကြားရက်တွင်ကစား မည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ် သွားမည်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့သည်။
၉၁၄ရက်အကြာ ဆုဖလား လက်မဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီး နောက် မော်ရင်ညိုသည် ပွဲပြီးခရာ မှုတ်ချိန်တွင် မျက်ရည်ဝဲစွာဖြင့် အောင် ပွဲခံခဲ့ပြီး အသင်းအတွက် ပေးဆပ် ကစားသူများအား ချီးကျူးစကားဆို သွားခဲ့ သည်။
''ဗိုလ်လုပွဲကိုရောက်ဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာပါ။ က စားသမားတိုင်းကလည်း အံ့မခန်း ခြေစွမ်းတွေနဲ့ကြိုးစားကစားခဲ့ကြလို့ ချန်ပီယံ ဖလားကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကစားသမားတိုင်းဟာ ကျွန်တော့် အတွက် အကောင်းဆုံး ကစားသမားတွေပါပဲ။ ဒီပွဲမှာ အ ကောင်းဆုံး ဆုရသွားတဲ့ တယ်ရီ အပြင် ကစားခွင့်မရတဲ့ကစားသမားတွေလဲ အပါအဝင်ပါ။ အကြောင်းအမျိုးမျိုး ကြောင့် ပါဝင်ကစားခွင့် မရတဲ့သူ တွေဟာလဲ အသင်းဝင် တွေဖြစ်နေတဲ့ အတွက် အကောင်းဆုံးဆုရကစား သမားတွေပါပဲ''ဟု ချီးကျူးစကား ဆိုသွားခဲ့သည်။
ဆက်လက်ပြီး မော်ရင်ညိုက ကစားသမားများအတွက် ဂုဏ်ယူမိ သော်လည်း အောင်ပွဲခံမှုမှာ မိနစ် ၂ဝအကြာတွင် ပြီးဆုံးသွားမည်ဖြစ် ကြောင်း၊ ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ပွဲစဉ်တွက် မနက်ဖြန်မှစတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားရဦးမည် ဖြစ်ကြောင်း၊ ပြိုင်ဘက်အသင်းဖြစ် သည့် စပါးအသင်းမှာ အသင်းကောင်း တစ်သင်းဖြစ်ပြီး မိမိအသင်းကို အ ခက်တွေ့စေခဲ့ကြောင်း၊ ဒုတိယဆု ရရှိသည့်စပါး အတွက် ဝမ်းနည်းပါ ကြောင်းနှင့် ပိုချက်တီနို၏ ကြိုးစား မှုကြောင့် နည်းပြသက်တမ်းတွင် အောင်မြင်မှုများရရှိလိမ့်မည်ဟု ယုံ ကြည်မိကြောင်း ပြောကြားခဲ့သည်။
ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက လိဂ်ဖလားကိုအရယူ ခြင်းအားဖြင့် ချန်ပီယံလိဂ်နှင့် ပရီး မီးယားလိဂ်တွင်ပါ အောင်မြင်မှုရ ရန် စတင်ခြင်း ဖြစ်သည်ဟု ပြော ကြားခဲ့ပြီး အသင်းလိုက်ကစားပုံ ကောင်းမွန်မှုကြောင့် အောင်မြင်မှု ရခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြော ကြားသွားခဲ့သည်။ ချဲလ်ဆီးအသင်း သည် ပွဲစဉ် ၂၈တွင် လန်ဒန်ဒါဘီ ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနှင့်ရင်ဆိုင် ကစားရမည်ဖြစ်သည်။
Democracytoday

မှတ်ချက်များ