Smartwatch များ ၂ဝ၁၅ တွင် အလျှံအပယ် ပေါ်ထွက်လာတော့မည်


မိုဘိုင်းဖုန်းနှင့် ကြိုးမဲ့ဆက်သွယ် ထားသည့် လက်ပတ်နာရီကဲ့သို့ လက်တွင်ပတ်ထားနိုင်သော Smartwatch ကို ယခုနှစ်ထဲ၌ ထုတ်လုပ် ရောင်းချရန် မိုဘိုင်းဖုန်းထုတ်လုပ် သူများက ဆုံးဖြတ်ချက် ချထားသည်။

Smartwatch မိုဒယ်အမျိုးမျိုး သည် လွန်ခဲ့သောနှစ်ကတည်းက ဈေးကွက်သို့ ရောက်ရှိခဲ့သည်မှာ မှန် ၏။ သို့သော် Smartwatch များကို ဈေးကွက်များတွင် အမြောက်အမြား တစ်ဟုန်ထိုး ပေါ်ထွက်လာသည်ကို ၂ဝ၁၅ ခုနှစ်၌ တွေ့မြင်ရတော့မည် ဟု မိုဘိုင်းထုတ်လုပ်သူများက ဆို သည်။ Smartwatch များကို လက် တွင် လက်ပတ်နာရီကဲ့သို့ ပတ်ထား နိုင်မည်။ ယင်းမှာ ပို၍လှပကြော့ ရှင်းပြီး ပို၍အသုံးဝင်မည်ဟုဆို သည်။

အမေရိကန်လုပ်ငန်းရှင်ကြီး Apple က ယင်း၏ ပထမဆုံး Samrtwatch ကို ဧပြီလ၌ ဖြန့်ဖြူးရောင်း ချ မည်ဟု ခန့်မှန်းထားသည်ဟု သ တင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားမှ မိုဘိုင်းထုတ် လုပ်သူ LG ကလည်း ယင်း၏ Smart- watch Urbane LTE ကို ထုတ် လုပ် ရောင်းချခဲ့သည်။ ယင်းသည် တခြား Smartwatch မိုဒယ်လ်အများစုနှင့် မတူပေ။ ယင်းတွင် netowrk SIM Card ပါသည်။ သို့ဖြစ်၍ ဖုန်းခေါ် ၍လည်းရသည်။ ဖုန်းလက်ခံ၍လည်း ရသည်။smartphone နှင့် ဆက်သွယ် စရာမလိုဘဲ ဖုန်းခေါ်နိုင်၊ လက်ခံ နိုင်သည်။

တရုတ်မိုဘိုင်း ထုတ်လုပ်သူ ဟွာဝေးကလည်း stainless steel အနားကွပ် smartwatch ကို ထုတ် လုပ်ရောင်းချသည်။ ယင်းသည် message နှင့် email တို့ကို လက်ခံ နိုင်သည်။ နှလုံးခုန်နှုန်းကို တိုင်း နိုင်သည်။

ကယ်လိုရီလောင်ကျွမ်း မှုကိုလည်း တိုင်းတာနိုင်ကြောင်း သိရသည်။

Democracytoday‬

မှတ်ချက်များ