သေဖို့ခက်နေတဲ့ အမျိုးသမီး
အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သေကြောင်းကြံစည်မှုပြုလုပ်ခဲ့သော် လည်း အသက်မသေခဲ့ဘူးလို့ အစိုးရအာဏာပိုင်များက ပြောဆိုခဲ့ပါတယ်။
အဆိုပါ သေကြောင်းကြံစည်ခဲ့တဲ့ အသက်၃၉နှစ်အရွယ် အမည်မဖော်လို သောအမျိုးသမီးတစ်ဦးဟာ ကိုယ့် ကိုယ်ကိုယ်မီးရှို့လို့ ကားကို အရှိန်ပြင်းစွာမောင်းနှင်ခဲ့ပါတယ်။
သူမ မောင်းနှင်ခဲ့တဲ့ကားဟာ လမ်းမပေါ်ရှိ တံတားတစ်စင်းကိုကျော်ကာ ထိုး ကျသွားခဲ့သော်လည်း သူမ ကတော့ အသက်ရှင်နေသေးတယ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင် တွေက ပြောဆိုခဲ့ပါတယ်။
ယခုမှာတော့ သေကြောင်းကြံစည်ခဲ့တဲ့အမျိုးသမီးကို Portland မြို့ရှိ အရေး ပေါ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သူမဟာ သေကြောင်းကြံစည်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုခဲ့ပါတယ်။
TheFlowerNews

မှတ်ချက်များ