ပျက်ကျမည့်လေယဉ် တွင်လိုက်ပါ ရန်ငြင်းဆန်ခဲ့၍ ဆွီဒင်ကလပ် အသင်းအသက်ချမ်း သာရာရခဲ့
ပြင်သစ်နိုင်ငံတောင် ပိုင်းတွင် ပျက်ကျခဲ့သည့် Germanwings လေကြောင်း လိုင်းမှ ခရီးစဉ် အမှတ် 4U9525နှင့် လိုက်ပါရန် စီစဉ် ထားသော်လည်းနောက် ဆုံးမိနစ်တွင်မှစိတ်ပြောင်း ခဲ့သောကြောင့် အသင်းသားများအသက်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့သည်ဟု ဆွီဒင်ဘောလုံး ကလပ် အသင်းတစ် သင်း ကပြောကြား လိုက်သည်။
Lufthansa လေကြောင်းလိုင်းကြီး၏လက်အောက်ခံလေယာဉ်များသည် အင်္ဂါနံနက်ပိုင်းတွင် ဘာစီလိုနာမှ တစ်ချိန်တည်းပျံသန်းခဲ့ ကြပြီး ဆွီဒင် Division 1 ကလပ်ဒေါကတ်အသင်းမှ ဘောလုံးသမားများသည် လေ ယာဉ်သုံးစီးပေါ်တွင် လိုက်ပါခဲ့ကြသည်။
ယင်းအသင်း သည် မူလကခရီးစဉ်အမှတ် 4U9525 တွင်လိုက်ပါပြီး ဒက်ဆယ်ဒေါ့ဖ်သို့သွားရောက်ရန်စီစဉ် ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားလေယာဉ် သုံးစင်း ဖြင့်သာသွားရန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ဒေါကတ်အသင်း မှကစားသမား ၂၉ ဦးနှင့် ၀န်ထမ်းများသည် ၎င်းတို့၏လေယာဉ်ဆင်း သက်ချိန်တွင် ခရီး စဉ်အမှတ် 4U9525ပျက်ကျသည့် သတင်း ကိုကြားခဲ့ ရပြီး နာရီအနည်းငယ် အကြာတွင်ခရီး သည်အား လုံးသေဆုံး သွားသည့် သတင်းကို ထပ်မံ ကြားသိ ခဲ့ရသည်။
လေယာဉ်ပျက်ကျမှုတွင် ကလေးငယ်နှစ်ဦး၊ ဂျာမန်အထက်တန်းကျောင်းမှ ဆယ်ကျော်သက် ၁၆ ဦးအပါ အ၀င်ခရီးသည် ၁၄၄ ဦးအပြင်လေယာဉ် အမှုထမ်း ၆ ဦး၊ စုစုပေါင်း ၁၅၀ ဦးသေဆုံး ခဲ့ရသည်။ လေယာဉ် အမှတ် A320 သည်ပြင်သစ်တောင် ပိုင်း အဲလပ်စ်တောင်တန်းဒေသ၌ ပျက်ကျသွား ခဲ့ခြင်းဖြစ်သည်။
"ပထမတော့ကျွန်တော်တို့ အဲဒီလေယာဉ်နဲ့လိုက် သွားဦးမလို့ပဲ။ ခရီးသည်တွေ အားလုံးနဲ့အတူ စာရင်းလဲ သွင်းပြီးနေပြီ။ တကယ့်ကို မယုံနိုင် စရာပါပဲ။ ဘာစီလို နာလေဆိပ် ကိုရောက်တဲ့ အခါလေယာဉ်လေး စင်း တစ်ပြိုင် တည်းထွက်မယ် လို့သိရတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့က ကျန်တဲ့သုံးစီး နဲ့လိုက်ခဲ့ လိုက်တယ်။
ကံကောင်းလို့ အသက်ဘေးကလွတ် ခဲ့တာပါ"ဟုဒေါကတ် အမှုဆောင်ချုပ် အဒီလ်ကစ်ဇေးလ် ကပြော သည်။ ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သောဒေါ ကတ်အသင်းမှာ ဆွီဒင်တွင်တတိယ တန်းအဆင့်ရှိ Division 1ပြိုင်ပွဲဝင် ကလပ် အသင်းဖြစ်ပြီး ဘာစီလိုနာတွင် တစ်ပတ်ကြာ သွားရောက်လေ့ကျင့် ပြီးပြန်လာ ခဲ့ခြင်းဖြစ်သည်။
ဝေဘုန်းလူ - Mizzima

မှတ်ချက်များ