ရေနံချောင်းမြို့နယ်၌ ကလေးငယ်မီးဆော့ရာမှ နေအိမ် ၆၃ လုံးနှင့် တင်းကုပ်သုံးလုံးမီးလောင်


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စခန်းကန်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခန့်က မီးလောင် မှုဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှုသည် နေအိမ်ပိုင်ရှင် ဒေါ်ဝင်း(၃၅ နှစ်)၏သားဖြစ်သူ မောင်လူမင်း(၆ နှစ်)က ပလတ်စတစ်မီးရှို့ရာမှ မီးဖိုခန်းအကာကြားသို့ကျသွားပြီး မီးစတင်လောင် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ မီးလောင်မှုကြောင့် စုစုပေါင်းနေအိမ် ၆၃ လုံးနှင့် နွားတင်းကုပ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေး သင့်ပြည်သူများကို ကျေးရွာမူကြိုကျောင်း နှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် နေရာချထားကြောင်း သိရ သည်။

မီးလောင်မှုကို ရေနံချောင်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်း သတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၅ဝ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင် ဒေါ်ဝင်းအား သက်ဆိုင်ရာမှ အရေးယူထားကြောင်း သိရသည်။

ခင်မာလာ(မကွေး) - Myanmaalinn

မှတ်ချက်များ