ဖြည်းဖြည်း လုပ်ကြပါ(ဟာသ)
ကွယ်လွန်သွားရှာသော အမျိုးသမီးတစ်ဦး အားသဂြိုလ်ရန်သူမ၏ ခင်ပွန်း နှင်. မိတ်ဆွေများက သယ်ဆောင် လာကြစဉ် အခေါင်းသည် "နံရံနှင့်တိုက်မိ" သွားသည်။
ထိုအချိန် တွင် အခေါင်းထဲမှ ညည်းသံတိုးတိုးထွက်ပေါ်လာ၍အခေါင်းကိုဖွင့်ကြည့်လိုက်ရာ အမျိုးသမီးမှာ အမှန်တကယ်ပင် အသက်ရှိနေသည်ကို တွေ့ရလေသည်။ ထိုအမျိုးသမီးသည် နောက် ၁၀ နှစ်လောက်အ သက်ရှင်နေထိုင်သွားခဲ့သည်။
၁၀ နှစ်အကြာမှာတော့ ထိုအမျိုးသမီး ကွယ်လွန်သွားရှာသည်။၎င်းကို သဂြိုလ်ရန် သယ်ဆောင်လာကြစဉ် သယ်ဆောင်လာသူများကို ယောက်ျားဖြစ်သူက မျက်ရည်များကြားမှတီးတိုး သတိပေးစကားဆိုရှာသည်။
"ဟေ့ နံရံနဲ့ မတိုက်မိအောင် သတိထားကြပါကွာ" ~~
ဟာသရပ်ကွက်

မှတ်ချက်များ