အမေသာ ချော့မသိပ်ပါခဲ့ဘူးဆိုရင်


အသက်ကြီး လာတာနဲ့ အမျှ အတွေးအခေါ် အယူအဆလေး တွေလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပါ တယ်။ အသက်အရွယ်တွေ ဘယ်လောက် ကြီးကြီး ငယ်စဉ်ဘဝက အကြောင်း အရာလေးတွေ ကတော့ မှတ်မှတ်ရရ ဆွဲထင် ကျန်နေတုန်းပါ။ အဲလို ကျန်ရှိနေတဲ့ အထဲမှာမှ အမေ့ရဲ့ ညဘက် အိပ်ယာဝင်ခါနီး ချော့သိပ်တဲ့ အသံလေး ကတော့ မည်သူတစ်ဦး တစ်ယောက်ကမှ မေ့လို့ရနိုင်မယ် မထင်ပါဘူး။

တစ်ခါတစ်လေမှာလည်း အမေ့ရဲ့ ရင်ခွင်ထဲ တစ်ခါပြန်ပြီး အိပ်ချင်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ပြန်မရနိုင်တော့ဘူး။ အမေနဲ့ ဝေးကွားပြီး နောက်ပိုင်း အစစအရာရာဟာ လိုအပ်မူတွေနဲ့ ကြုံတွေ့နေ ရလိမ့် မယ်။ တစ်ခါတစ်ရံ မှာတောလည်း အိပ်ယာဝင်ခါနီး အမေ့အသံလေး တစ်ခါပြန်ပြီး ကြားယောင် မိနေ တယ်။

အမေသာ ချော့မသိပ်ခဲ့ဘူး ဆိုရင် ငယ်စဉ်ဘဝကဆို တော်တော်နဲ့ အိပ်မပျော်ဘူး။ အမေ့ရဲ့ ချော့သိပ် မူကြောင့် စောစော အိပ်ယာ ဝင်ခဲ့ရတာပါ။ အခါအခွင့် ကြုံရင် အမေ့ရင်ခွင်ထဲ တစ်ခါပြန်ပြီး အိပ်စက် ချင်ပါသေးရဲ့။

ကျော်လင်းနိုင် - yoyarlay

မှတ်ချက်များ