ဆန္ဒပြမှုများ ဖြိုခွင်းရာ တွင် လက်ပတ်နီဝတ်အရပ်သားများအသုံး ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ရန်နှင့် ထပ်မံ ၍ လက်ပတ်နီဝတ်အရပ်သားများနှင့် ဖြို ခွင်းမှုမပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးမှ အကြီး တန်းအရာရှိတစ်ဦးက ”ဥပဒေအရတော့ သုံးခွင့်ရှိတယ်။ သို့ပေမယ့် ဒီလိုဖြို ခွင်းတဲ့အ ခါမှာဝေဖန်မှုတွေရှိတယ်။ အထူးသဖြင့်လူ ရွေးတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေ တယ်။ ဒါကိုရန်ကုန်တိုင်းဒေသကြီးအစိုးရ ကိုယ်တိုင်သိတယ်။ ဒါကိုပြန်သုံးသပ်ဖို့နဲ့ နောက်နောင် နိုင်ငံတကာက လက်ခံတဲ့ရဲ နဲ့ပဲဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်”ဟုပြောသည်။
ဆန္ဒပြမှုများတွင် ပထမအဆင့် လူစုခွဲဖို့ မေတ္တာရပ်ခံရန်၊ မရပါက ထပ်မံ သတိပေးမှုအကြိမ်ကြိမ်ပြုလုပ် ရန်နှင့် သတိ ပေး၍ဖြိုခွင်းပါကလည်း အငြင်းပွားဖွယ် ဖြေရှင်းမှုများနှင့် ဖြေရှင်းခြင်းမပြုဘဲ ရဲတပ်ဖွဲ့နှင့် သာဖြေရှင်းရန် ညွှန်ကြားထားကြောင်း ယင်းကဆက်လက်ပြောကြားသည်။
ယင်းသို့ လက်ပတ်နီဝတ်အရပ် သားများနှင့်ဖြိုခွင်းခြင်းမှာ ပြစ်မှုဆိုင်ရာကျင်း ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈အရ ဆန္ဒပြလူစု လူဝေးကို ဒု-ရဲအုပ်အောက် အဆင့်မနိမ့် သောရဲအရှိများဖြင့် ပြည်သူလူထုအကူအညီဖြင့် ဖြိုခွင်းခဲ့ကြောင်းသိရသည်။
လူစုလူဝေးဖြိုခွဲခဲ့ခြင်းမှာ ဥပဒ နဲ့အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့်အတွက် ပြန်စိစစ်ဖို့မလိုကြောင်းနှင့် ယင်း သို့မဖြိုခွဲ ခင်ကပင် ၁၂၇ နဲ့ ၁၂၈ သုံးပြီး ဖြိုခွင်းမည် ဟု အကြိမ်ကြိမ် သတိပေးပြောကြားသွားခဲ့ ကြောင်း ယင်းက ဆက်လက်ပြောကြားသွား ခဲ့သည်။
မတ်၅ရက်က မြို့တော်ခန်းမရှေ့ ဆန္ဒပြမှုတွင် အကြမ်းဖက်ဖြိုခွင်းခံရသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့ အဖွဲ့အစည်းမှ မနီလာသိန်းက ”အင်အား အနည်းငယ်သာရှိတဲ့ ကျောင်းသားတွေကို ဘယ်က မှန်းမသိတဲ့ အရပ်ဝတ်တွေနဲ့ အ ကြမ်းဖက်ဖြိုခွင်းတာဟာ ကမ္ဘာ့အလယ်မှာ အင်မတန်ရှက်ဖို့ကောင်းပါ တယ်။ ဘယ်လို မှလက်ခံလို့မရပါဘူး။ အစိုးရအနေနဲ့ ဒီမို ကရေစီ လမ်းကြောင်းပေါ်ကို သွားချင်တယ် ဆိုရင် ဒါကမဖြစ်သင့်တဲ့ကိစ္စပါ။ ကိစ္စတစ်ခု ကိုဖြစ်ပြီးမှညွှန်ကြား တယ်ဆိုပေမယ့် တကယ့် လက်တွေ့ ကြဖို့လိုပါတယ်”ဟုပြောသည်။
TheFlowerNews

မှတ်ချက်များ