![]() |
| လောင်စာဆီ တစ်စက်မှ မသုံးပဲ ပျံသန်းနေတဲ့ Solar Impulse 2 နေစွမ်းအင်သုံး လေယာဉ် (Credit: Reuters) |
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင် (Chongqing) မြို့ကို သွားရောက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ရက်လောက်ပဲ နားဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတု အခြေအနေ မကောင်းတာကြောင့် တပါတ်ကျော်ကြာမှ မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ခရီစဉ်ဟာ အခုလောလောဆယ် Solar Impulse 2 အတွက် အခက်ခဲဆုံး ခရီး စဉ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒီလေယာဉ်ပေါ် လိုက်ပါသွားမယ့် Betrand Piccard ကတော့ တောတောင်ထူထပ်တဲ့ ယူနန်ပြည်နယ်နဲ့ ဆစ်ချွန် (Sichuan) ပြည်နယ်ကို အအေးဒီကရေ အနှုတ် ၄ လောက်ရှိတဲ့ ရာသီဥတုမှာ ဖြတ်ပျံသန်းရမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်က ၁၈ နာရီကြာမယ်လို့ ခန့်မှန်းနေကြပြီး ဝေဟင်ပေါ်မှာ ရောက်နေတုန်း လေယာဉ်မှူးအနေနဲ့ အောက်ဆီဂျင်တွေ အသုံးပြုရမယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တိုက်ရိုက်ပျံသန်းမယ်ဆိုရင် စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသပေါ်ကိုလည်း ဖြတ်ကျော်ရမှာ ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ပါရှိပါတယ်။
လောင်စာဆီ တစ်စက်မှ မသုံးပဲ နေစွမ်းအင်နဲ့ ကမ္ဘာကို ပတ်မယ်လို့ စတင်ကြေညာတုန်းက လေယာဉ်
လောက လူတွေ ဝေဖန်ခဲ့ကြပေမယ့် အခုအခါမှာတော့ ကမ္ဘာတဝှမ်းလုံးက အားပေးနေကြသလို ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။
အဲဒီလေယာဉ်ဟာ ယူအေအီးနိုင်ငံကနေ စတင်ထွက်ခွာပြီး၊ အိုမန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံ Ahmedabad မြို့ကို ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် အိန္ဒိယနိုင်ငံ ဗရာဏသီမြို့ကနေ မန္တလေးမြို့ကို ရောက်ရှိလာပြီး တရုတ်နိုင်ငံကို သွားနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ချုံချင် မြို့အပြီးမှာတော့ နင်ဂျင်းမြို့ကို သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက် ပစိဖိတ်ကို ဖြတ်ကျော် ပြီး ဟာဝါအီကျွန်းကို သွားမှာဖြစ်တဲ့အတွက် နာရီပေါင်း ၁၂၀ ကြာ ပျံသန်းရမယ်လို့ ခန့်မှန်းနေကြပါတယ်။
ABC Radio Australia

မှတ်ချက်များ