မြို့လယ်ခေါင်မှာ မတ်တပ်ရပ် ဆိုင်းဘုတ်ကိုင်ပြီး အလုပ်ရှာခဲ့တဲ့ ဘွဲ့ရကျောင်းသား တစ်ဦး


အွန်လိုင်းမှာ အလုပ်ရှာပြီးနောက် အဆင်မပြေဖြစ်ခဲ့ရတဲ့ ဘွဲ့ရကျောင်းသားတစ်ဦးဟာ မြို့လယ်ခေါင်မှာ မတ်တပ်ရပ် ဆိုင်းဘုတ်ကိုင်ပြီး အလုပ်ရှာဖို့ ကြိုးစားခဲ့ပါတယ်။

Calum Chamberlain ဆိုသူ လူငယ်အမျိုးသားတစ်ဦးဟာ နော့တင်ဟမ် တက္ကသိုလ်က ဘွဲ့ရခဲ့ပြီးဖြစ်ပေ မယ့် အလုပ်ရှာတဲ့ ဈေးကွက်တွေဟာ သူ့ကို အလုပ်မရစေဖို့ တားမြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ သူဟာ မန်ချက်စတာ မြို့လယ်ခေါင်မှာ သူ့ရဲ့ CV ဖောင်ကို ကြော်ငြာထားတဲ့ ဆိုင်းဘုတ်ကိုကိုင်ပြီး မတ် တပ်ရပ်ကာ အလုပ်ရှာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ညနေခင်းသတင်းက ဖော်ပြခဲ့တာကတော့ သူ့ရဲ့ အလုပ်ရှာတဲ့ ချဉ်းကပ်နည်းဟာ အောင်မြင် ခဲ့သလို သူဟာ အလုပ်တစ်ခုနဲ့ အလုပ်အင်တာဗျူး ၃ခု ရဲ့ ကမ်းလှမ်းချင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

“ဒီနည်းလမ်းဟာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဖော်ပြနိုင်မယ့် အထိရောက်ဆုံး နည်း လမ်းပဲဖြစ်ပါတယ်။ အွန်လိုင်းက အလုပ်လျှောက်တဲ့အဆင့်မှာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးတွေနဲ့ အကြောင်း အရာတွေကို ပယ်ချခံခဲ့ရပါတယ်။ သင်ဆိုရင်လည်း သင့်ကို အလုပ်ခန့်မယ့်သူတွေနဲ့ အွန်လိုင်းက အလုပ်
လျှောက်ပြီး တွေ့ခွင့်ရမှာ မဟုတ်ပါဘူး” လို့ Chamberlain ကဆိုပါတယ်။

အွန်လိုင်းမှာ အလုပ်လျှောက်တဲ့အခါမှာ ရာထူး အခု ၂၀ အတွက် ဘွဲ့ရပြီးသူ ၅၀၀၀ ခန့်က လျှောက်ထား
နေကြတဲ့ အတွက် အလုပ်ရဖို့ မဖြစ်နိုင်ကြောင်းကို Chamberlain က ရှင်းပြခဲ့ပါသေးတယ်။

Trend Myanmar

မှတ်ချက်များ