လင်နဲ့ မယား (ဟာသ)

ညတစ်ညတွင် ဗစ်တိုးရီးယားက ယောက်ျားဖြစ်သူ ဘက်ခမ်းကို နှိုးသည်။

““ယောက်ျား…ထစမ်းပါဦး… ကျွန်မ အိုက်တယ်ရှင့်””

ဘက်ခမ်းက အိပ်ရာမှထပြီး အခန်းပြတင်းပေါက်တွေ ဖွင့်လိုက်သည်။ ခဏအကြာတွင်
မိန်းမဖြစ်သူမှ ထပ်ပြီး နှိုးပြန်သည်။

““ယောက်ျား….ထစမ်းပါဦး…ကျွန်မ ချမ်းတယ်ရှင့်””

ယောက်ျားက အိပ်ရာမှထပြီး စောင်တစ်ထည်ထပ်ယူပေးလိုက်သည်။ ခဏအကြာတွင်
မိန်းမဖြစ်သူက ပြောပြန်သည်။

““ယောက်ျား… ကျွန်မကို အမျိုးသားတစ်ယောက်က ဖက်ထားတဲ့ နွေးထွေးမှု
လိုချင်တယ်ရှင့်””

ထိုအခါ ဘက်ခမ်းက စိတ်မရှည်တော့သဖြင့် ပြောလိုက်သည်။

““ကြံကြံဖန်ဖန်ကွာ….မနက်၂ နာရီထိုးကြီးမှာ မင်းအတွက်ယောက်ျားကို ငါက
ဘယ်မှာသွားရှာရမှာလဲကွ ဟေ””

ရဲစတိုင်း

မှတ်ချက်များ