တစ်စတုရန်းပေအပေါ် သတ်မှတ်ဒဏ်ကြေးကြောင့် ကန်ထရိုက်လုပ်ငန်းများ နှေးကွေး

ဓာတ်ပုံ-သက္က
ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ် များ၌ တည်ဆောက်လျက်ရှိသော အထပ်မြင့် အဆောက်အအုံများ ဆောက် လုပ်မှုသည် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဆက်တိုက် မြင့်တက်ခဲ့သော်လည်း တစ်စတုရန်း ပေအပေါ် သတ်မှတ်လိုက်သည့် ဒဏ်ကြေးကို တိုးမြှင့်လိုက်ခြင်းကြောင့် ကန်ထရိုက်တိုက်ဆောက်လုပ် မှုလုပ်ငန်းများ နှေးကွေးသွားခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

''ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအနေနဲ့ အဆောက် အအုံတွေကို သုံးထပ်အထိသာခွင့် ပြု ထားတာဖြစ်ပါတယ်။ သို့ပေမယ့် ကန်ထရိုက်တာတွေက ပိုတဲ့အထပ် တွေအတွက် ဒဏ်ကြေးဆောင်ပြီး ဆောက်လုပ်နေကြတာပါ။ အရင်တုန်း ကတော့ စီမံချက်ကာလဖြစ်တဲ့အတွက် အထပ်ပို ဆောက်လုပ်နေ တာတွေ အပေါ် တစ်စတုရန်းပေအပေါ် ငွေကျပ်၂၂ဝဝ ပဲဒဏ်ရိုက်ခဲ့တာ ကြောင့် တစ်ထပ်ကိုသိန်း ၃ဝ လောက် ပဲ ဒဏ်ရိုက်တာဆိုတော့ ဆောက်နိုင် ပါတယ်။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ စီမံချက်ကာလပြီး ဆုံးတဲ့ နောက်ပိုင်း မှာ တစ်စတုရန်းပေအပေါ် ဒဏ်ကြေး ငွေ ကျပ် ၁၅ဝဝဝ အထိတိုးမြှင့်လိုက်တဲ့ အတွက် ပေ(၂ဝx၅ဝ) တစ်ထပ်ကို ကျပ်သိန်း ၁၅ဝ လောက်ဒဏ်ကြေးပေး ဆောင်နေရပါတယ်။ နှစ်ထပ်ပို ဆောက် တဲ့အတွက် ကျပ်သိန်း ၃ဝဝ လောက်အထိ ပေးဆောင်နေရပါ တယ်'' ဟု အဆိုပါ တာဝန်ရှိသူက ပြောကြား သည်။

ယင်းကဲ့သို့ တစ်စတုရန်းပေ အပေါ် ပေးဆောင်နေသည့် ဒဏ် ကြေး တိုးမြှင့်လိုက်သည့်အတွက် ယခုအခါ ဆောက်လက်စ အထပ် မြင့်အိမ်ရာများ၊ ဆောက်လုပ်ရန် စရန်ပေးထားပြီး အိမ်အဖျက်ခံထား ရသူများ အခက်အခဲများနှင့် ရင်ဆိုင် နေကြရသည်။ လွန်ခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း သာကေတ၊ ဒေါပုံနှင့် သင်္ဃန်းကျွန်း မြို့နယ်များသည် အထပ်မြင့်ဆောက်လုပ်မှု အများဆုံး မြို့နယ်များဖြစ်ပြီး တစ်စတုရန်းပေ အပေါ် သတ်မှတ်သည့် ဒဏ်ကြေး ကြောင့် ကန်ထရိုက်တိုက်ဆောက်လုပ် မှု လုပ်ငန်းများနှေးကွေး သွားကြောင်း ကန်ထရိုက်တိုက် ဆောက်လုပ်သူ များထံမှ သိရသည်။ အဆိုးဆုံးမှာ စရန်ငွေချပြီး အိမ်အဖျက်ခံရသူများသတ်မှတ်ကာလအတွင်း အိမ်များ ပြန်မဆောက်နိုင်ကြ၍ အိမ်ငှားခ ဝန်ထုပ်ဝန်ပိုး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ကြံတိုင်းအောင် - Myanmaalinn

မှတ်ချက်များ