မတ် ၁ ရက်နေ့ အန်ဖီးလ်မှာ လီဗာပူးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပြီးတဲ့နောက် သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီအရှုံးကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးကို တပွဲလျော့ ၅ မှတ် ပြတ်သွားပြီ ဖြစ်ပါ တယ်။
“ဘောလုံးမှာ ဘာတွေ ဖြစ်မလဲဆိုတာကိုတော့ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး၊ ကစားဖို့ပွဲက နည်းလာပြီး အမှတ်က ဒီအတိုင်းပဲဆိုရင်တော့ ပိုပြီးခက်လာပါတယ်၊ ကျနော်တို့ ချန်ပီယံဖြစ်ဖို့ ဘယ်တုန်းကမှ အလျော့ မပေးဘူးလို့ ကျနော်ထင်တယ်၊ ကျနော်တို့ ကစားပုံကို အရင်တိုးတက်အောင် ကြိုးစားပြီးတော့ နောက် ပွဲတွေကို အနိုင်ရအောင် ကြိုးစားရမယ်” လို့ ပယ်လီဂရီနီက ပြောပါတယ်။
၂၀၁၅ ခုနှစ်ထဲမှာ မန်စီးတီးက ကစားခဲ့တဲ့ ၈ပွဲမှာ ၃ ပွဲပဲ အနိုင်ရသေးတာ ဖြစ်ပြီး ရှေ့ပွဲတွေမှာ တိုးတက်ဖို့ မျှော်လင့်နေပါတယ်။
လာမယ့် မတ် ၄ ရက်မှာတော့ လက်စတာ စီးတီးအသင်းနဲ့ မန်စီးတီးတို့ ကစားရဖို့ ရှိနေပါတယ်။
DVB

မှတ်ချက်များ