တစ်ပတ်အတွင်း ကားသတင်း


Flower News ဂျာနယ်ပရိသတ်ကြီးအတွက် ယခုတစ်ပတ်အတွင်း ကားသတင်းများကို စုစည်းဖော်ပြပေး လိုက်ပါတယ်။

ပထမဆုံးသတင်းကောင်းတစ်ပုဒ်ကတော့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကညနမှ လျှပ်စစ် ဓာတ်အားသုံးစွဲမောင်းနှင်မယ့် ကားများ အပေါ်မှာ အခွန်နှုန်းထားများ လျှော့ပေါ့ကောက်ခံသွားဖို့ စီမံကိန်း တစ်ရပ်ရေး ဆွဲအတည်ပြုသွားဖို့ရှိတယ်ဆိုတဲ့သတင်းပါပဲ။

ဓာတ်ဆီ၊ ဒီဇယ်စတဲ့ ရုပ်ကြွင်း လောင်စာအသုံးပြုရတဲ့ မော်တော်ယာဉ်များ အတွက် သဘာဝပတ်ဝန်းကျင် အ ပေါ်မှာ ဆိုးရွားတဲ့ထိခိုက်မှုတွေရှိစေပြီး ကန့်သတ်ထုတ်ကုန်များဖြစ်တဲ့ ရေနံဟာ လည်း မကြာတော့တဲ့ ကာလမှာ ကုန်ဆုံးသွားဖို့ရှိနေပါတယ်။

ဒါကြောင့် ယခုလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးကားများဖြစ်တဲ့ လျှပ်စစ်ကားများနဲ့ ဟိုက်ဒရိုဂျင် လောင်စာ ဆဲလ်သုံးယာဉ်များ တင်သွင်းမှုအပေါ် အခွန်ကောက်ခံမှုလျှော့ချတာ ဟာလွန်စွာအကျိုးရှိကြောင်း ပညာရှင် တစ်ဦးကသုံးသပ်ပြောဆိုထားပါတယ်။ ပြည်ပနိုင်ငံများမှာတော့ လျှပ်စစ်ကား ထုတ်လုပ်သုံးစွဲသူများအတွက် နိုင်ငံတော် အစိုးရက မက်လုံးထောက် ပံ့တဲ့အစီအစဉ်ကောင်းများရှိနေပါပြီ။ အစိုးရအနေ နဲ့လည်း လိုအပ် တဲ့နည်းပညာ၊ ငွေကြေးအကူအညီများ ဆောင်ရွက်ပေးသင့်ပါ တယ်။

ဒုတိယသတင်းတစ်ပုဒ်ကတော့ မြန်မာမီနီဆလွန်းအငှားယာဉ်များ အပ်နှံခွင့်ကို ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသ ကြီးမှာ လက်ခံနေတယ်ဆိုတဲ့ သတင်းပါပဲ။

လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ ကိုယ်ပိုင်+အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားတဲ့ မြန်မာမီနီဆ လွန်း စုစုပေါင်း အစီးရေ ၁၇ဝဝ ကျော်ရှိနေပြီး လက်ရှိယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုလက်ခံတဲ့ အမျိုးအစား ကတော့ အငှားယာဉ်များဖြစ်ကြောင်းနဲ့ အရစ်ကျငွေပေးချေမှုစနစ် နဲ့ ဝယ်ယူထားပြီး ငွေပေးချေမှုမပြီးပြတ်
သေးတဲ့ ယာဉ်များ မပါဝင်ကြောင်းသိရ ပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အ ကျုံးဝင်တဲ့ မြို့နယ် ၄၅ မြို့နယ် (ကိုကိုး ကျွန်းမပါ) စလုံးမှ Free permit နဲ့ တင် သွင်းမယ့် ကားအားလုံး ကားပါကင်ထောက်ခံချက်ရှိကြောင်း အထောက်အထား ပါမှသာ တင်သွင်းခွင့်ပြုတော့မှာဖြစ်ပါတယ်။

ယခုတစ်ပတ်ကားဈေးကွက်မှာတော့ ခရီးရှည်ရုံးပိတ်ရက်များနဲ့ တိုက် ဆိုင်နေတဲ့ အတွက် ခရီးသွားလုပ် ငန်းသုံး Toyota Alphard ကဲ့သို့သော ကားများ အရောင်းအဝယ်ဖြစ်ပြီး ခရီးဝေးသင့်တော်သော Land Cruiser, Prado Kluger စသည့်ကားများ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။

ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ စလစ်ဈေးနှုန်းများက တော့ Taxi စလစ် ၄၆သိန်း၊ ၁က/၂က အပ်ကား ၆၅ သိန်း၊ မြန်မာမီနီ ကျပ် သိန်း ၄ဝ ဝန်းကျင်ဖြစ်ပါတယ်။

ယနေ့ ကညန သို့ ရောက်ရှိနံပါတ်များကတော့ 2J-3xxx ဖြစ်ကြောင်းနဲ့ ယခုတစ်ပတ်အတွင်း မှတ်သားဖွယ် ကညနနံပါတ်အလှ လေလံဈေးကွက်မှာ 2J-2222 ဟာ ကျပ်သိန်း ၈၄သိန်းနဲ့ လေလံအောင်သွားပါ ကြောင်း တင်ပြရင်း . . .

ကိုဇော် - TheFlowerNews‬

မှတ်ချက်များ