ခင်ပွန်းသည်ရဲ့ ကင်ဆာရောဂါအခြေအနေကို မျက်ရည်တွေကြားကနေ ပြောပြခဲ့တဲ့ Celine Dion


ကမ္ဘာကျော်အဆိုတော် Celine Dion ဟာ သူမရဲ့ ခင်ပွန်းသည် ရင်ဆိုင်နေရတဲ့ ကင်ဆာရောဂါနဲ့ ပတ် သက်ပြီး ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ခင်ပွန်းသည်ရဲ့ ရောဂါကြောင့် သူမရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကို ပေါ့ပ်စတား Celine Dion က ပယ်ဖျက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာလည်း သူမရဲ့ခင်ပွန်းသည် Rene က သူ့ရဲ့ ကင်ဆာ အစိုင်အခဲကို ခွဲစိတ်ဖယ်ရှားခဲ့ပြီးတဲ့နောက် Celine Dion ရဲ့ မန်နေဂျာ အဖြစ် လုပ်ကိုင်နေ ရာမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေ အရ အနားယူလိုက်ပါတယ်။

“Good Morning America” ဆိုတဲ့ အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ Celine Dion က သူမ ခင်ပွန်း Rene ရဲ့ အခြေအနေကို မျက်ရည်များစွာ ကြားကနေ အခုလိုမျိုး ပြောပြခဲ့ပါတယ်။

“သူ့ရဲ့ ပါးစပ် က လှုပ်ရှားလို့ မရတော့ပါဘူး။ သူ အစာမစားနိုင်ပါဘူး။ သူ့မှာ အစာစားတဲ့ ဖန်ပြွန်တစ်ခု ရှိပါတယ်။ အဲဒီဖန်ပြွန်ကို အသုံးပြုပြီး ကျွန်မ သူ့ကို တစ်နေ့ ၃ ကြိမ် အစာကျွေးနေရပါတယ်” လို့ Celine Dionက ပြောပြခဲ့ပါတယ်။

Celine Dion နဲ့ Rene Angelil တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းပြီး ၁၄ နှစ် အကြာမှာ ၁၉၉၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့လင်မယားမှာ သား ၃ ယောက်ရှိပြီး အသက် ၁၄ နှစ်အရွယ် Rene Charls နဲ့ အသက် ၄ နှစ်အရွယ် Eddy နဲ့ Nelson ဆိုတဲ့ အမြွှာညီအစ်ကိုပဲဖြစ်ပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ