ကိုယ့်ပုံတူဖယောင်းရုပ်ထု ပိုစတိုင်လ်ကျစေဖို့အတွက် အထူးဂရုစိုက်ပေးခဲ့တဲ့ Cristiano Ronaldo
Cristiano Ronaldo လို့ဆိုလိုက်တာနဲ့ ဘယ်သူရယ်လို့ရှင်းစရာ မလိုအောင်ကို နာမည်ကြီးသူပါ။ သူဟာ ကမ္ဘာကျော်ဘောလုံးကစားသမားဖြစ်ရုံမက CR7 ရှပ်အင်္ကျံ၊ အတွင်းခံ၊ နဲ့ ဖိနပ် မော်ဒယ်တစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ Ronaldo ဟာ သူ့ရဲ့သွင်ပြင်၊ ခန္ဓာကိုယ်အချိုးအစားကို ဂရုစိုက်တတ်သူတစ်ဦးပါ။ ဒါ့ကြောင့် သူ့ပုံတူဖယောင်းရုပ်ထု ထုတော့မယ်လို့ သိလိုက်တာနဲ့ ဖယောင်းရုပ်ထုနဲ့ သူ့ပုံ ကွာဟမှုမ ရှိအောင် သူအဘက်ဘက်က ပံ့ပိုးပေးခဲ့တယ်လို့ Madrid ဖယောင်းရုပ်ပြတိုက်ရဲ့ ဒါရိုက်တာဖြစ်သူ Gonzalo Presa က ဆိုပါတယ်။
"Ronaldo ရဲ့ စတိုင်လစ်က ဒီပြတိုက်ကို တစ်လတစ်ခါလာပြီး Roanldo ရဲ့ ဆံပင်ပုံစံဘယ်လိုရှိတယ်ဆို တာ လာလာကြည့်ပေးပါတယ်။ သူဖြစ်စေချင်တာကတော့ သူ့ဖယောင်းရုပ်ထု ပြီးပြည့်စုံနေဖို့ပါပဲ" လို့ Presa က Cadena Ser ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
ခု ဖယောင်းရုပ်ထုအပြီးသတ်သွားတဲ့အခါမှတော့ Ronaldo ဟာအတော်ပဲ ကျေနပ်နေပြီး ရုပ်ထုထဲကပုံ နဲ့သူ့ပုံနဲ့ ထပ်တူကျတယ်လို့ မှတ်ချက်ပေးသွားပါတယ်။
မေသော် - Trend Myanmar

မှတ်ချက်များ