iPhone အသိမ်းခံလိုက်ရတဲ့ သမီးက မိခင်ဖြစ်သူကို အဆိပ်ခတ်သတ်ဖို့ ကြိုးစား


iPhone အသိမ်းခံရပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူက မိခင်ကို အရောင်ချွတ်ဆေးနဲ့ အဆိပ်ခတ်သတ်ဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားမှုကြောင့် ထောင်ချခံခဲ့ရပါတယ်။ “မတ်လ ၂ ရက်နေ့က အ ဆိပ်ခတ်ထားတဲ့ သစ်သီးအချိုရည် သောက်ပြီး မိခင် နေမကောင်းဖြစ်ခဲ့ကြောင်း ဆိုပါတယ်။ ဖန်ခွက်က အရောင်ချွတ်ဆေးနံ့ သတိထားမိတဲ့အချိန်မှာ ဖန်ခွက်ကို သူ့သမီး ဆပ်ပြာရည် တစ်ခုခုနဲ့ သေချာဆေး ခဲ့တယ်လို့ပဲ သူမ ယူဆခဲ့ပါတယ်။

ရက်အနည်းငယ်ကြာပြီး သူသောက်မယ့် ဖန်ခွက်မှ အရောင်ချွတ်ဆေးအနံ့ကို ထပ်ရတဲ့အချိန်မှာ ၁၂ နှစ်သ မီးကို ထိပ်တိုက်ပြောဆိုလိုက်ပါတယ်” လို့ ABC သတင်းအရ သိရပါတယ်။ မိခင်ဖြစ်သူ ဆေးရုံပြေးခဲ့ရပေ မယ့် နောက်ဆုံး ကောင်းမွန်စွာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်။

သမီးမှာတော့ အကြီးလေးဆုံး ပြစ်မှု နှစ်ခုနဲ့ Boulder County Juvenile Center မှာ ထိန်းသိမ်းခံလျက် ရှိနေပါတယ်။

Trend Myanmar

မှတ်ချက်များ