လီဗာပူး အသင်းရဲ့ အသင်းခေါင်းဆောင်အသစ် အလယ်တန်း ကစားသမား Jordan Henderson ကို Steven Gerard နေရာမှာ အစားထိုးခဲ့တာ မှန်ကန်သွားပြီဖြစ်တယ်လို့ ဘန်လေ ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ မန်နေဂျာဖြစ်တဲ့ Brendan Rodgers က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Jordan Henderson ဟာ ဘန်လေ ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင်သူဟာ သူ့အသင်းရဲ့ မန်နေဂျာဖြစ်သူကို ကစားသမားတစ်ယောက် အနေနဲ့ရော အသင်း ခေါင်းဆောင် တစ်ယောက် အနေ နဲ့ ပါ တိုးတက်မှုတွေ အဆင်သင့်ဖြစ်နေပြီဖြစ် တယ်လို့ သက်သေပြနိုင် ခဲ့ပါတယ်။
“Jordan ဟာ အချိန်တိုင်း အရည်အသွေးတွေ မြင့်လာတယ်လို့ထင်ပါတယ်။ သူဟာ အားကစားစိတ်ဓါတ် ပြည့်ဝပြီး နည်းဗျူး ဟာမြောက်စွာ အချိန်တိုင်း တိုးတက်မှုတွေရှိနေပါတယ်။” လို့ Brendan Rodgers က Jordan Henderson အကြောင်း တွေကို ဂုဏ်ယူစွာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ထို ဘန်လေကို အနိုင်ရ ခဲ့တဲ့ ပွဲစဉ်မှာ အခြား အနိုင်ဂိုးတစ်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တဲ့ Emre Can ကိုလည်း ဂုဏ်တင်ကာ ပြောဆိုခဲ့ပါသေးတယ်။
Credit : http://www.mirror.co.uk/sport/football/news
မှတ်ချက်များ