KIA အဖွဲ့မှ ချီဗွေမြို့နယ်အတွင်းရှိ ရွှေတူးဖော်လုပ်ကိုင်နေသူများထံမှ ဆက်ကြေးငွေများ ကောက်ခံ


ကချင်ပြည်နယ်၊ ချီဗွေမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ရွှေတူးဖော် လုပ်ကိုင်နေသူ များထံမှ ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ဆက်ကြေးငွေများအတင်းအကြပ်ကောက်ခံသွားကြောင်း သိရ သည်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ချီဗွေမြို့နယ်၊ မျောပါအနီးသို့ KIA အဖွဲ့ဝင် (၄)ဦင်္းသည် အရပ်ဝတ်များဖြင့် ရောက်ရှိလာပြီး မုတ်သုံတောအပါအ၀င် ချီဗွေမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ခြင်း လုပ်ငန်း လုပ်ကိုင် နေသော ဒေသခံများအား ဆက်ကြေးငွေအဖြစ် တစ်ဦးလျှင် (၁၀)သိန်းကျပ်ဖြင့် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးပေး သွင်းရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း ပေးဆောင်ခြင်း မရှိပါက KIA အဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုသွား ခဲ့သည်ဟု ရွှေတူး
ဖော်နေသော ဒေသ ခံမှော် လုပ်သား တစ်ဦးမှ ပြောပြခဲ့ပါသည်။

KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဒေသခံများအပေါ် ဆက်ကြေးငွေ များကောက်ခံခြင်း၊ ဒေသခံများအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး ပိုက် ဆံဖြင့် ပြန်လည်လာခေါ်ခိုင်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြ ကာ ဒေသခံ လူငယ်များအား ဖမ်းဆီးခေါ်ဆောင်ခြင်းများအား ဆက် တိုက်ပြုလုပ် လျက်ရှိ
ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသ တွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် ကိုးကန့် သောင်းကျန်းသူများနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားရာတွင်လည်း အစိုးရတပ်များအား ကိုးကန့် သောင်း ကျန်းသူ များနှင့်အတူ KIA အဖွဲ့မှ ကူညီတိုက်ခိုက်ပေးလျက်ရှိကြောင်း ဒေသခံအချို့၏ ပြောပြချက် အရသိရ သည်။

ယခုကဲ့သို့ KIA အဖွဲ့၏ လူသစ်များစုဆောင်းခြင်း၊ ဆက်ကြေးငွေ များကောက်ခံခြင်းများအား ပိုမိုလုပ်ဆောင် လာသည်မှာ ၎င်း တိုက်ပွဲများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ချီဗွေမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွာရောက် စာသင်ပေးနေသူ ကျောင်းဆရာတစ်ဦးမှလည်း ပြောပြခဲ့ပါသည်။

စိုင်းနေကျော်( ၀ိုင်းမော်)

မှတ်ချက်များ