ခေါင်းဆောင် ၇ ဦး နဲ့ အလုပ်သမား ၄၁ ဦးကို အလုပ်ရှင်က အလုပ်ထုတ်လိုက်ပါတယ်။
အော်ဒါမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာခဏ အလုပ်ပိတ်နေတာကြောင့် အလုပ်သမား ၅၀၀ ကျော် က အလုပ်ထုတ်နစ်နာကြေးပေးပြီး စက်ရုံကို ရပ်နားဖို့ ဒီလ ၅ ရက်နေ့က အလုပ်ရှင်ထံ တောင်းဆိုခဲ့ပါ တယ်။
အဲဒီတောင်းဆိုမှုကို ဦးဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်လိုက်တာဖြစ်တယ်လို့ အလုပ် ထုတ်ခံရသူတွေထဲက စက်ရုံဘဏ္ဍာရေးမှူး မဇင်မာဦးက ပြောပါတယ်။
“အလုပ်သမားတွေအကုန်လုံး ၃ လပိုင်း ၅ ရက်တုန်းက ရုံးကိုသွားတယ်၊ အလုပ်တွေကို နှစ်လပိတ်လိုက်၊ တစ်လပိတ်လိုက် အဲ့လိုပိတ်တဲ့အတွက် သူဌေးကို အယုံအကြည်မရှိတော့ဘူး၊ အဲ့အတွက်ကြောင့်ကို နစ်နာကြေးကိုပေး ပြောတာတောင်မှ ဒီ ၄၈ ယောက်က ရုံးကိုလိုက်ပြီးတော့ ဦးဆောင်ပြီးတော့ တောင်းပါ တယ် ဆိုပြီးတော့ သူက အဲ့ ၄၈ ယောက်ကိုဖြုတ်တာ”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ စက်ရုံပိတ်ခဲ့သလို အလားတူ မကြာခဏ ပိတ်တာတွေရှိတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။
Midas စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်ရှိပြီး အလုပ်သမားတစ်ဦးကို လုပ်ခလစာ တစ်လကျပ် ရှစ်သောင်းကျော်ကနေ တစ်သိန်းကျော်အထိ ရရှိကြတယ်လို့ သိရပါတယ်။
RFA

မှတ်ချက်များ