ဒီပုံမှာ မြင်ရတာကတော့ ခွေးတူ ဝက်တူ မျိုးနွယ်ဝင် သတ္တဝါ တစ်ကောင်က အစိမ်းရောင် သစ်တောက်ငှက် ရဲ့ ကျောပေါ်မှာ လိုက်စီးနေတာပဲ ဖြစ်ပါတယ်။ သစ်တောက်ငှက်ကို စားဖို့ ကြိုးစားနေတာပါ။ ဖျံနီညို လို့ လည်း မြန်မာမှု ပြုကြပါတယ်။ ခွေးတူဝက်တူနဲ့ ဖျံမျိုးနွယ်စုထဲမှာ ပါတဲ့ အသားစား သတ္တဝါပါ။
အပျော်တမ်း ဓာတ်ပုံသမား မာတင်လီမေဟာ သစ်တောထဲက အစိမ်းရောင် သစ်တောက်ငှက် မမြင်ဖူးတဲ့ သူ့မိန်းမကို လန်ဒန်မြို့ အရှေ့ပိုင်းက ပြည့်သူဥယျာဉ် လိုက်ပို့ရင်း အခုလို ရိုက်ကူးခဲ့တဲ့ ဖြစ်ပါတယ်။
မာတင်လီမေက ဒီပုံနဲ့ ဒီပုံရိုက်ဖြစ်ခဲ့တဲ့ အကြောင်းကို အွန်လိုင်း တင်ခဲ့ပြီး ဗြိတိန်နိုင်ငံက အွန်လိုင်းသုံး သူတွေကြားမှာ အကြိမ် တစ်သန်းမှာ တစ်ကြိမ်ရနိုင်ခဲတဲ့ ဓာတ်ပုံလို့ နာမည်ကြီးနေကြောင်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ဓာတ်ပုံ ဆရာရဲ့ အပြောအရ ဆိုရင်တော့ သစ်တောက်ငှက် အသက်ဘေးက လွတ်သွားတယ်လို့ သိရပါ တယ်။
Nz (ရိုးရာလေး)





မှတ်ချက်များ