၂၀၁၅ ခုနှစ် ယူ - ၂၀ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်လေ့ကျင့်နေ သည့် မြန်မာယူ-၂၀ လက်ရွေးစင် အသင်းနှင့် အာရှ ယူ - ၂၃ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြန်ဆင်လေ့ကျင့်နေသည့် မြန်မာ ယူ - ၂၂ လက်ရွေးစင် အသင်းတို့သည် မလေးရှား ယူ - ၂၂ လက်ရွေးစင် အသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံး ကွင်းတွင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါသည်။ မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ယှဉ်ပြိုင်ကစား မည့် မြန်မာ ယူ - ၂၀ အသင်းနှင့် မလေးရှား ယူ - ၂၂ အသင်းတို့၏ ပွဲစဉ်ကိုလည်းကောင်း၊ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ -၂၂ အသင်းနှင့် မလေးရှား ယူ - ၂၂ အသင်းတို့ ၏ ပွဲစဉ်ကိုလည်းကောင်း မြန်မာ့ရုပ်မြင်သံကြား News Channel၊ Entertainment Channel နှင့် မြန်မာ့ အသံ ရေဒီယိုတို့မှ အဲ့ဒီနေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်မှ စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ် ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။
မြန်မာ-မလေးရှားနိုင်ငံတကာ ဘောလုံးပြိုင်ပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

မှတ်ချက်များ