ပညာတတ် Ph.D လောင်းတစ်ဦးရဲ့ အူကြောင်ကြောင် လုပ်ရပ်ကြောင့် လေယာဉ်ခရီးစဉ်နှောင့်နှေးမှုဖြစ်


မကြာသေးမီက လေယာဉ်ခရီးသည်တွေရဲ့ ပေါကြောင်ကြောင်လုပ်ရပ်တွေကို သင်သိရှိပြီးဖြစ်မှာပါ။ လေယာဉ်အရေးပေါ်ထွက်ပေါက် တံခါးဖွင့်ချတဲ့သူအကြောင်း သို့မဟုတ် စပ်စုပြီး အသက်ကယ် ဂျက်ကက်အင်္ကျီဖွင့်လိုက်တဲ့သူ စသည်ဖြင့် အမျိုးမျိုးကြားဖူးခဲ့ကြမှာပါ။ ဒါပေမယ့် အထက်တန်းစား ပညာတတ် ပါရဂူလောင်းတစ်ဦးရဲ့ ဒီလိုရှက်စရာလုပ်ရပ်ကိုတော့ ဘယ်တုန်းကမှ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။

ရှန်ဟိုင်းအခြေစိုက် နာမည်ကြီး တက္ကသိုလ်တစ်ခုမှ Deng အမည်ရ ဒေါက်တာလောင်းတစ်ဦးဟာ “အရင်ရောက်ရှိသူ ထိုင်ခုံဦး” ဆိုတဲ့ စကားအတိုင်း သူ့နေရာအစား ပြတင်းပေါက်ဘေးက ထိုင်ခုံမှာ မရမက ဝင်ထိုင်နေခဲ့ပါတယ်။ သူစီးတဲ့ လေယာဉ်မှာ Shanghai ကနေ Guangzhou ကို ပျံသန်းမယ့် Flight FM9311 ဖြစ်ကာ ပျံသန်းချိန် (၂)နာရီ ကြာမြင့်စေခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်မယ်တွေက သူ့ကို ကိုယ့်နေရာမှာကိုယ် ၀င်ထိုင်ပေးဖို့ မိနစ် ၂၀ ကြာ စည်းရုံး ပြောဆိုခဲ့ပေမယ့် စီးပွားရေးကိစ္စနဲ့ ခရီးသွားနေတဲ့ Deng က သူတို့ စကားကို ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ရဲတွေရဲ့ ဖမ်းဆီးမှုခံခဲ့ရတယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ