နှစ်ပတ်အတွင်း PlayStation Vue အင်တာနက် တီဗွီဝန်ဆောင်မှုကို Sony စတင်မည်
Sony ၏အင်တာနက် တီဗွီဝန်ဆောင်မှု PlayStation Vue ဝန်ဆောင်မှု beta ဗားရှင်းထွက်ရှိလာမည် ဖြစ် သလို လာမည့်နှစ်ပတ်အတွင်း အမေရိကန် နိုင်ငံရှိ အဓိကမြို့ကြီး သုံးမြို့တွင် စတင်လွှင့်တင် သွားမည်ဖြစ် သည်။
Sony သည် Vue အင်တာနက် တီဗွီဝန်ဆောင်မှုကို လွန်ခဲ့သည့်လ အနည်းငယ်ကတည်းက စမ်းသပ်သုံးစွဲ လျက်ရှိသည့် နယူးယောက်မြို့၊ ချီကာဂိုနှင့် ဖီလာဒယ်ဖီးယားတို့တွင် စတင်ပြုလွှင့်တင် သွားမည်ဖြစ်ကြောင်း WSJ မှဖော်ပြခဲ့သည်။ PlayStation Vue သည် Sony ၏ PlayStation 4 နှင့် PlayStation 3 ဂိမ်းစက်တို့ တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Sony ၏ရည်မှန်းချက်မှာ ၂၀၁၅ ခုနှစ်အကုန်တွင် အမေရိကန် နိုင်ငံတစ် ဝန်း၌ Vue ဝန်ဆောင်မှု အသုံးပြုနိုင်စေမည့် အစီအစဉ် ဖြစ်ကြောင်း ကုမ္ပဏီ၏ Computer Entertainment အဖွဲ့အမှုဆောင် အရာရှိချုပ် အန်ဒရူးဟောက်စ်က ပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလက PlayStation Vue တွင် CBS, FOX, NBC, Comedy Central, FX, Discovery နှင့် နာမည်ကျော် ရုပ်သံလိုင်းများစွာ ပါဝင်လာမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် Sling တီဗွီကဲ့ သို့ ၎င်းကွန်ရက်များတွင် live stream ကြည့်ရှုနိုင်မည်ဖြစ်ပြီး လတ်တလောတွင် ထုတ်လွှင့်ထားသမျှ ရုပ်သံ အပိုင်းများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ သို့ရာတွင် Sony ၏ဝန်ဆောင်မှုတွင် ရုပ်သံလိုင်း အများ အပြား ပါဝင်လာမည်ဖြစ်ပြီး ဈေးကွက်တစ်ခုစီတွင် ရုပ်သံလိုင်း ၇၅ ခုပါဝင်ကာ တီဗွီဇာတ်လမ်းတွဲများကို cloud ပေါ်တွင် ၂၈ ရက်အထိ သိမ်းဆည် ထားပေးမည် ဖြစ်သည်။
စိုးထက် - Internet Journal

မှတ်ချက်များ