’The Spa’ ဇာတ်ကားအတွက် အင်္ဂလိပ် စကားပြော လေ့ကျင့်နေတဲ့ ဆုမြတ်နိုးဦး
ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးသည့် ’The Spa’ ဇာတ်ကားအတွက် အင်္ဂလိပ် စကားပြောကို အဓိက ကြို တင်ပြင်ဆင်နေရကြောင်း ဆုမြတ်နိုးဦးက ပြောသည်။
”ကိုယ်ပြောနေကျ မဟုတ်တော့ ခက်ခဲတယ်။ ပရိသတ် ဝေဖန်မှုကိုလည်း ရင်ခုန်စွာနဲ့ စောင့်နေတယ်”ဟု ဆုမြတ်နိုးဦး က ပြောသည်။ အဆိုပါ ဇာတ်ကားတွင် ထိုင်းမင်းသမီး Lily Panipak၊ အောင်ရဲလင်း၊ ဆုမြတ်နိုးဦး၊ ပန်းရောင်နဲ့ အခြားအနုပညာရှင် အသစ်များစွာ ပါဝင်မည်ဟု သိရသည်။
”ဒီကားက ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်တဲ့ ကားလည်းဖြစ်တော့ တာဝန်ကြီးပါတယ်။ အရင်က ရိုက်ခဲ့တဲ့ဇာတ်ကားနဲ့ ကွာခြားတာတွေ အများ ကြီးလည်း ရှိနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။ ဆုမြတ်နိုးဦးက မျက်စိ ကျန်းမာရေးကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ပြီး ‘The Spa’ ဇာတ်ကားကို ကျန်းမာရေး အခက်အခဲကြားက ရိုက်ကူးမည်ဟု ပြောသည်။
”တစ်လတစ်ခါ မျက်စိပြန်ပြရတယ်။ ဒီကြားထဲ မျက်စိကြောင့် ရိုက်ကူးမှုတွေ နားတယ်။ ဒီကားကိုစပြီး ပြန်ရိုက်တယ်။ ပြီးရင်တော့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖြစ်မှာပါ”ဟု ၄င်းကဆိုသည်။ ”ဒီကား ထူးခြားမှုက သရုပ် ဆောင်ပိုင်းမှာ အောင်ရဲလင်းနဲ့ မြတ်နိုးကလွဲရင် ကျန်တာ မျက်နှာသစ်တွေပဲ သုံး ထားတယ်။ ဒီအပိုင်းကတော့ ထူးခြားမှုတစ်ခု ဖြစ်လာနိုင်တယ်”ဟု ဆုမြတ်နိုးဦး က ပြောသည်။

မှတ်ချက်များ