Youtube ပေါ် ရှိဗီဒီယိုများ ကိုမြန်မာဘာသာစနစ်ထောက်ပံ့ပေး မည်ဟုဆို


Youtube ပေါ်ရှိ ဗီဒီယိုများကို မြန်မာဘာသာစနစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း Google ၏ ထုတ်ကုန် ဆိုင်ရာ မန်နေဂျာ Mr.Divon Lan က ပြောကြားသည်။

“လက်ရှိအချိန်မှာတော့ ဘယ်တော့လုပ်ပေးမလဲဆိုတာ Confirm မပေးနိုင်သေးပေမယ့် လုပ်သွားဖို့ အစီအ စဉ် ရှိပါတယ်” ဟုပြောကြားသည်။

ဘာသာစကားများကို အသံဖြင့်ပြန်ဆိုနိုင်သည့်စနစ်၊ ကင်မရာဖြင့်ရိုက်ကာ ဘာသာပြန်ပေးနိုင်သည့် စနစ် များကို မြန်မာစာစနစ်ဖြင့်ထောက်ပံ့ပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် စာသားဖြင့် ဘာသာပြန်စနစ်အား ဘာသာစကားပေါင်း ၉၀၊ ကင်မရာစနစ်ဖြင့် ဘာသာပြန်ဆိုနိုင်သည့် ဘာသာစ ကားပေါင်း ၃၆ မျိုးရှိပြီး အသံစနစ်ဖြင့် ဘာသာပြန်ဆိုနိုင်သည့် ဘာသာစကားက ၄၂ မျိုးရှိကြောင်း သိရ သည်။

မြန်မာနိုင်ငံအတွက် မရနိုင်သေးသည့် အသံဖြင့်ဘာသာပြန်ဆိုနိုင်သည့်စနစ် (Voice Translation) အားလည်း ရရှိအောင်ဆောင်ရွက်မည်ဟု ဆိုသည်။

“လက်ရှိမှာတော့ မရနိုင်သေးပါဘူး။ ဒါပေမဲ့ အားလုံးကို ခြုံပြောရမယ်ဆိုရင် ကျွန်တော်တို့ ရေရှည်မှာ ဘာ သာစကားအားလုံးအတွက် အသံစနစ်နဲ့ Google Translate မှာ ဘာသာပြန်ဆိုရရှိနိုင်အောင် ဆောင်ရွက် မှာပါ” ဟုပြောကြားသည်။

လက်ရှိ Google Translate ကို အသုံးပြုသူပေါင်း သန်း ၅၀၀ ကျော်ရှိပြီး နေ့စဉ်ဘာသာပြန်ဆိုမှုပေါင်း ဘီ လီယံ ကျော်ရှိကြောင်း သိရသည်။

ထွန်းထွန်း - internetjournal

မှတ်ချက်များ