ကျွန်တော်ဆေးခန်းထိုင်တုန်းက တစ်ရက်မှာ ကျွန်တော့်ဆေးခန်းကို လူနာတစ်ယောက်ရောက်လာတယ်။ ကိုယ်လက်တွေနာကျင်ကိုက်ခဲနေတာအရမ်းဆိုးနေလို့ ဆေးခန်းလာပြတာ။ အဖျားလည်းရှိနေတာဆိုတော့ Diclo ထိုးပေးဖို့ ပြင်ဆင်ပါတယ်။ ဆေးမတည့်တာရှိလားဆိုတော့ လူနာပြန်ဖြေတာက သူက ပါရာစီတမော ကလွဲရင် တခြားဘယ်ဆေးနဲ့မှ သူမတည့်ဘူးတဲ့။ ဆေးမတည့်လို့ ဆေးရုံရောက်တာ ၂ခါရှိဖူးတယ်တဲ့။ ဒါပေမယ့်လည်း Diclo က ရှော့ရလေ့ရှိတဲ့ဆေးမဟုတ်တော့ Diclo ထိုးပေးလိုက်တယ်။ ဆေးမတည့် တဲ့ရှော့ရခဲ့ဖူးတာဆိုတော့ စိတ်ချလက်ချတော့မနေနိုင်ဘူး။ ဆေးခန်းမှာပဲ ခဏနေခိုင်းထားလိုက်ရတယ်။
ခဏနေတော့ ပါရာစီတမောကလွဲလို့ တခြားဘာဆေးနဲ့မှ မတည့်ဘူးဆိုတာ စပြလာတယ်။ ဆေးထိုးပြီး ၁၀မိနစ်လောက်အကြာမှာ အသားတွေနီလာတယ်။ မျက်လုံးတွေလည်းနီလာပြီး တကိုယ်လုံးယားလာ တယ်။ သွေးပေါင်ချိန်ကြည့်တော့ အပေါ်သွေး ၁၀၀နဲ့ အောက်သွေး ၆၀။ ပထမတုန်းက တိုင်းထားတာက ၁၁၀ ၇၀။ Anaphylaxis shock လို့ကျွန်တော်ဆုံးဖြတ်လိုက်တာနဲ့ ပထမဆုံး Adrenaline ကို 1:1000 နဲ့ အသားဆေးထိုးရတယ်။
Burmeton ကို နောက်တစ်ဆင့်အနေနဲ့ထိုးတယ်။ Cannula တစ်ချောင်းထိုးပြီး Hydrocortisone ထိုးပေးလိုက်တယ်။ Saline သွင်းထားတယ်။ ခဏစောင့်ကြည့်နေပေမယ့်လည်း လူနာက မသက်သာလာဘူး။ သွေးပေါင်ပြန်တိုင်းကြည့်တော့ လူနာရဲ့သွေးပေါင်ချိန်က ၈၀ နဲ့ အောက်သွေးကတိုင်းမရတော့ဘူး။ နားထောင်ကြည့်တော့ နှလုံးခုန်သံက စီးချက်မညီတော့ဘူး။ ခုန်ချင်သလိုခုန်လာတယ်။ Cannula နဲ့ နောက်တစ်လိုင်းဖွင့်ပြီး Adrenaline ကို 1:10000 နဲ့ IV ထိုးလိုက်တယ်။
Hydrocortisone နောက်တစ်လုံးထပ်ထိုးတယ်။ Burmeton ထပ်ထိုးတယ်။ Saline နောက်တစ် လိုင်းထပ် ချိတ်ရတယ်။ ခဏနေတော့ သူအယားသက်သာလာတယ်။ Pressure ပြန်တက်လာတယ်။ လူနာ အခြေ အနေတည်ငြိမ်လာပြီလို့ ထင်ရတာနဲ့ ကိုယ်တိုင်ကားမောင်းပြီး ဆေးရုံပို့လိုက်ရတယ်။ နောက်တစ်နေ့ဆေး ခန်းရောက်တော့ မနေ့ကလူနာ မုန့်တစ်ထုပ်နဲ့ ဆေးခန်းရောက်နေတယ်။ ဆရာကယ်တဲ့အသက်ပဲရှိ ပါတော့တယ်တဲ့။ ဆေးရုံမှာတော့ တစ်ညအိပ်လိုက်ရတာပေါ့လေ။
အခုဘွဲ့ရပြီးရင်လည်း ဆေးခန်းဖွင့်မယ့်သူတွေပါမယ်ထင်တယ်။ ဘာဆေးတွေဝယ်ရမလဲစဉ်းစားရင်တော့ Adrenaline Burmeton နဲ့ Hydrocortisone တော့ မမေ့ပါနဲ့။ ဘယ်ဆေးနဲ့ ရှော့ရနိုင်မလဲဆိုတာဘယ်လိုမှ မသိနိုင်ဘူး။ ဆရာရဲမြင့်ကျော်ရဲ့ သဘောအရဆိုရင်တော့ ဆေးတွေကို Test လုပ်လည်း မထိရောက်ဘူး လို့ပြောတယ်။ ဘာလို့လဲဆိုတော့ ဆေးကိုတကယ် Test လုပ်မယ်ဆိုရင် Intradermal မှ ထိရောက်မယ်။ ဒါပေမယ့် အများစုက ထိုးလိုက်ရင် Subcutaneous ကိုပဲရောက်သွားတာဆိုတော့ Test လုပ်ပြီးလည်း ရှော့ရနိုင်တာပဲတဲ့။
အခုဘွဲ့ရပြီးရင်လည်း ဆေးခန်းဖွင့်မယ့်သူတွေပါမယ်ထင်တယ်။ ဘာဆေးတွေဝယ်ရမလဲစဉ်းစားရင်တော့ Adrenaline Burmeton နဲ့ Hydrocortisone တော့ မမေ့ပါနဲ့။ ဘယ်ဆေးနဲ့ ရှော့ရနိုင်မလဲဆိုတာဘယ်လိုမှ မသိနိုင်ဘူး။ ဆရာရဲမြင့်ကျော်ရဲ့ သဘောအရဆိုရင်တော့ ဆေးတွေကို Test လုပ်လည်း မထိရောက်ဘူး လို့ပြောတယ်။ ဘာလို့လဲဆိုတော့ ဆေးကိုတကယ် Test လုပ်မယ်ဆိုရင် Intradermal မှ ထိရောက်မယ်။ ဒါပေမယ့် အများစုက ထိုးလိုက်ရင် Subcutaneous ကိုပဲရောက်သွားတာဆိုတော့ Test လုပ်ပြီးလည်း ရှော့ရနိုင်တာပဲတဲ့။
Intradermal သာ နေ့တိုင်း Test လုပ်နေရင်တော့ ကိုယ့်ဆေးခန်းကို လူနာလာမှာကိုမ ဟုတ်တော့ဘူး။ လူတစ်ယောက်တည်းတောင် အရင်က ရှော့မရဖူးဘဲ အခုမှရတတ်တာမျိုးလည်းရှိတယ်။ ဆေးရုံနဲ့မတူ တဲ့အချက်က ဆေးရုံမှာက ကိုယ်အားကိုးနိုင်တဲ့သူတွေရှိပေမယ့် ကိုယ့်ဆေးခန်းမှာတော့ ကိုယ်ကလွဲလို့ အားကိုးစရာမရှိဘူး။ ကိုယ့်ရှေ့ကအသက်တစ်ချောင်းက ကိုယ့်ရဲ့လုပ်ကိုင်မှုအပေါ်မှာ လုံးဝမူတည်သွားပြီ။ အဲဒီအချိန်မှာရတဲ့ Pressure က ဘာနဲ့မှမတူဘူး။ ဒါပေမယ့် ဂရုစိုက်သင့်တာက လူနာရှေ့မှာ လုံးဝစိတ်လှုပ် ရှားနေတာ၊ အရမ်းပျာနေတာမျိုးမပြဖို့ပဲ။
ကိုယ့်စိတ်တွေတော့လှုပ်ရှားနေလိမ့်မယ်။ ဒါပေမယ့် တတ်နိုင်သမျှအပြင်ကို မရောက်စေဘဲ လုပ်စရာရှိ တာတွေကို အေးအေးဆေးဆေးလုပ်ပါ။ အဲဒါတွေကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားရလိမ့်ဦးမယ်။ ကျွန်တော်အပါအ၀င်ပေါ့ တော်တော်များများက နေမကောင်းတဲ့အချိန်ဆိုရင် မြန်မြန်ပျောက်ချင်တယ်။ အဲဒီအခါကျရင် ဆေးပဲအထိုးခံလိုက်ချင်ကြတယ်။ ဒါပေမယ့် ဆေးထိုးတာမှာလည်း အခန့်မသင့်ရင် ကိုယ့်အသက်ပါ ပါသွားနိုင်တာတွေက အများကြီးပဲ။ တစ်ခါကြုံဖူးသွားရင် နောက်တစ်ခေါက်ဆေးထိုး ဖို့တောင်မ၀ံ့မရဲဘဲ။
Dr.Thurein Hlaing Win
Dr.Thurein Hlaing Win

မှတ်ချက်များ