မန္တလေးမြို့အနီးရှိ အထင်ကရနေရာတစ်ခုဖြစ်သာ တောင်သမန်အင်း ဦးပိန်တံတား အနီး မြေဧက ၄၀ ကျော်ပေါ်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အပန်း ဖြေ Resort ဟိုတယ်စီမံကိန်းတစ် ခု အကောင်အထည်
ဖော်တည် ဆောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက် Resort ဟု အမည်ပေးထားသည့် စီမံကိန်းကို ဦးပိန်တံ တား၏ အရှေ့ဘက် တောင်သမန်ကျေးရွာအနီးရှိ တောင်သမန်အင်းနှင့် ထိစပ်နေ သည့် မြေဧက ၄၀ ကျော်ပေါ်တွင် ပုဂ္ဂလိကပိုင် တောင်သမန်သစ္စာကုမ္ပဏီကအကောင်အထည်ဖော်တည်ဆောက်မည်ဟု တောင်သမန်သစ္စာကုမ္ပဏီ ပြောရေးဆိုခွင့် ရှိသူ ဦးစိုးမြတ်သူကပြောသည်။
စီမံကိန်းအကောင်အထည် ဖော်နိုင်ရန် လွန်ခဲ့သည့် တစ်နှစ် ကျော်ကတည်းက မြေယာများ ကြိုတင်ဝယ်ယူ ခဲ့ပြီး လက်ရှိအချိန်တွင် မြေဧက ၄၀ ကျော် ၀ယ်ယူထားပြီးဖြစ်သကဲ့သို့ လယ်ယာမြေအခြားနည်းအသုံးပြု ခွင့်ရရှိပြီး ဖြစ်သဖြင့် စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ရေးလုပ်ငန်း များ စတင်နိုင်ရန် ကြိုး စားနေပြီဟု ဆိုသည်။
ဟိုတယ်အခန်းပေါင်းများ စွာပါရှိမည်ဖြစ်ပြီး နားနေအ ပန်းဖြေဥယျာဉ်၊ ရိုးရာယဉ်ကျေး မှုနှင့် လက်မှု ပစ္စည်းဈေးဆိုင်တန်း များပါဝင်မည့် မြန်မာ့ရိုးရာယဉ် ကျေးမှုနှင့် တောင်သမန်ကျေး လက် Resort စီမံကိန်း ကို ကျပ် သိန်းပေါင်း သုံးသိန်း (ကျပ်ဘီလီ ယံသုံးရာ)ခန့် ရင်းနှီးမြှုပ်နှံတည် ဆောက်မည်ဖြစ်သည်။ လာမည့် သုံးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် ရည်ရွယ်ထားသည်ဟု တောင်သမန်သစ္စာကုမ္ပဏီ၏ ဒါ ရိုက်တာ ဦးစိုးမြတ်သူက ပြောသည်။
သို့သော် လက်ရှိအချိန်ထိ စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ရန် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော် မရှင်၏ ခွင့်ပြုချက် မရသေးသကဲ့သို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံသို့လည်း ခွင့်ပြုချက် တင်ပြ တောင်းခံထားဆဲသာဖြစ်ကြောင်း ဦးစိုးမြတ်သူက ပြောသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အ မွေအနှစ်များနှင့် ကျေးလက်ဒေသ အငွေ့အသက်များကို တစုတစည်းတည်းရ ရှိစေရေးနှင့် တောင်သမန်ဒေသဗဟိုပြု၍ မန္တလေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရန် ရည် ရွယ်ကာ စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
တောင်သမန်အင်းနှင့် ဦးပိန် တံတားမှာ မြန်မာနိုင်ငံသားများ အတွက် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသ မိုင်းဝင် ယဉ်ကျေး မှုအမွေဖြစ်ပြီး ယခုစီမံကိန်း တည်ဆောက်မှုကြောင့် ပတ်ဝန်းကျင် နှင့် ဒေသခံများ၏ လူမှုစီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှုဖြစ် မည်ကို စိုးရိမ်သည်ဟု မြို့ခံစာပေ ပညာရှင် ဆရာဆူးငှက် က ပြော သည်။
စီမံကိန်းအကောင်အထည် ဖော်မည့်နေရာမှာ လက်ရှိမြေပြင် အနေအထားအရ အမှိုက်များဖြင့် ပြည့်နေ သည့် သီးနှံစိုက်ပျိုးဖြစ် ထွန်းမှုမရှိသော ကိုင်းမြေဖြစ်ပြီး စီမံကိန်းမှာ ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ် ထားသည့် ဦး ပိန်တံတားကာကွယ်ရေးဇုန်နှင့် ကင်းလွတ်သည်ဟု ကုမ္ပဏီက ပြောသည်။
ထို့ပြင် စီမံကိန်းကြောင့် ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်ကာ ဒေသခံဈေးသည်များနှင့် ငှက်လှေသမား များအတွက်လည်း စနစ်တကျစုစည်းရောင်းချမည့်နေရာများ စီစဉ်ပေးမည်ဟု တောင်သမန်သစ္စာကုမ္ပဏီက ဆိုသည်။
တောင်သမန်အင်းအတွင်း စီးပွားရေးလုပ်ငန်းရှင်များက ဟို တယ်စီမံကိန်းအကောင်အထည် ဖော်တည်ဆောက်မည် ဖြစ် ကြောင်း လွန်ခဲ့သည့် တစ်နှစ် ကျော်ကတည်းက သတင်းများထွက်ပေါ်ခဲ့သည်။ ထို့အတွက်မြေယာဝယ်ယူစုဆောင်းသူများ ပြားခဲ့ပြီး တောင်သမန်အင်းဝန်း ကျင်ရှိ မြေကွက်များမှာ မြေတစ် ဧကလျှင် ကျပ်သိန်း ရာဂဏန်းမှ ထောင်ဂဏန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။
မောင်တာ - 7day

မှတ်ချက်များ