လူမည်းတစ်ဦးကို သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ခဲ့တဲ့ လူဖြူ ရဲဝန်ထမ်း အရေးယူခံရ


အမေရိကန်ပြည်ထောင်စု ၊ တောင် ကယ်ရိုလိုင်းနား ပြည်နယ်မှာ လူဖြူ ရဲဝန်ထမ်းတစ်ဦးက ခုခံမှု မပြုလုပ်ခဲ့ တဲ့ လူမည်းတစ်ဦးကို နောက်ကျောကနေ သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြမှုတွေ ထွက်ပေါ်လာ ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိတဲ့ Michael Thomas Slager ဆိုသူ လူဖြူရဲဝန်ထမ်းကို အသက် ၅၀ အရွယ် Walter Scott ကို သတ်ခဲ့အတွက် အရေးယူရန် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

တောင်ကယ်ရိုလိုင်းနား ပြည်နယ်က နော့သ်ချားလ်စတန် မြို့ထဲမှာ Walter Scott ဟာ ဦးစွာ လျှပ်စစ်သေ နတ်ကို ပစ်ခတ်ပြီး တစ်စုံတစ်ခုကို မြေပြင်ပေါ် ပစ်ချပြီးတဲ့နောက် Slager က သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီနောက် Walter Scott ပစ်ချခဲ့တဲ လျှပ်စစ်သေနတ်ကို Slager က သူ့ရဲ့ အလောင်းနားမှာ ပြန်ထားခဲ့တဲ့ ဗီဒီယိုဟာ မြို့တော်ဝန် လက်ထဲအထိ ရောက်ရှိ သွားခဲ့ပါတယ်။

မြို့တော်ဝန် နဲ့ ရဲချုပ်တို့ဟာ Slager ကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် သေဆုံးသူရဲ့မိသားစုဝင်တွေကို ဖျောင်းဖျ ခဲ့ကြပါတယ်။

သေဆုံးသူဟာ အမေရိကန် ကမ်းခြေစောင့်တပ်မှာ ၂ နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အခု အဖြစ်အပျက်အတွက် သေဆုံးသူရဲ့ မိသားစုဝင်တွေက Slager ကို နိုင်ငံသားအခွင့်အရေးအား အကြမ်း ဖက်မှုနဲ့ တရားစွဲဆိုသွားမယ်လို့လည်းသိရပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ