ခြောက်နှစ်အရွယ် မိန်းကလေးကိုသတ်သူအား သတင်းပေးနိုင်ပါက ငွေကျပ်သိန်း၂ဝ ချီးမြှင့်မည်ဟု တာချီလိတ်ရဲစခန်းဆုငွေထုတ်


တာချီလိတ်မြို့နယ် တွင် အသတ်ခံခဲ့ရသည့် အသက် ခြောက်နှစ်အရွယ် မိန်းကလေးတစ် ဦးကိုသတ်သည့် တရားခံအား ဖော် ထုတ်ရန် ယင်းအမှုနှင့် ဆက်စပ်ပြီးတိကျခိုင်လုံသည့် သတင်းပေးနိုင်သူကို တာချီလိတ် မြို့နယ် ရဲစခန်းက ကျပ်သိန်း ၂ဝ ဆုငွေချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားခံနှင့်ပတ် သက်သည့် သတင်းရရှိရန် ဆုငွေ ထုတ်သည့် ကြေညာချက်ကို ဧပြီ ၅ ရက်က တာချီလိတ်မြို့နှင့်အနီးတစ် ဝိုက်တွင် စတင်ထုတ်ပြန်ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် တာချီလိတ်မြို့နယ် နေသူ တစ်ဦးက တရားခံနှင့်ပတ်သက် သည့် သတင်းတချို့ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''ဒီနေ့ပဲ အဲဒီဆု ငွေထုတ်တဲ့ကိစ္စကို ကြေညာတာပါ။ကျွန်တော်တို့အနေနဲ့ အဲဒီသတင်း ပေးသူရဲ့နာမည်၊ လိပ်စာတို့ကိုလျှို့ ဝှက်ထားမယ်။ သူ့လုံခြုံရေးအတွက် လဲ တာဝန်ယူပေးထားမယ်။ ဘာ ဖြစ်လို့ ဒီလိုဆုငွေထုတ်ဖမ်းဆီးရ တာလဲဆိုတော့ ဒီလိုရက်စက်တဲ့ တ ရားခံလွတ်နေရင် ဒီလိုမလိုလားတဲ့ အဖြစ်မျိုးတွေ ထပ်ကြုံနိုင်တာမို့ အ မြန်ဆုံးဖမ်းဆီးရမိရေးအတွက် သ တင်းရနိုင်ဖို့ လုပ်ဆောင်တာပါ။ တာ ချီလိတ်မြို့မရဲစခန်းအနေနဲ့ သတင်း အတိအကျ ခိုင်လုံအောင်ပေးနိုင် ရင် ငွေကျပ်သိန်း ၂ဝ ပေးမှာပါ။ ဒီနေ့ သတင်းလာပေးတဲ့သူရဲ့ သတင်းအ ချက်တွေကိုလဲ မှန်၊ မမှန်စုံစမ်း
နေပါတယ်'' ဟု ပြောသည်။

တာချီလိတ်မြို့နယ် မကာဟို ခမ်းရပ်ကွက် မေဖလားဝါးကွင်း အိမ် အမှတ်(၂/၁၈၇)တွင်နေထိုင်သည့် ဦးစိုင်းရီတစ်၊ ဒေါ်နန်းဖုန်တို့၏သမီး ဖြစ်သူ မနန်းဖွေဟွမ် ခြောက်နှစ်သည် မတ် ၂၇ ရက်တွင် ပျောက် ဆုံးသွား ခဲ့ပြီး မြွေရေခွံအိတ် အစိမ်းအတွင်း စောင်ဖြင့်ပတ်၍ သေဆုံးနေသည် ကို ကုက္ကိုင်း ဆိပ်အနီး မယ်ဆိုင်ရေ ချောင်းအတွင်း တွေ့ရှိခဲ့ရသည့်အမှု ဖြစ်သည်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ