ချွေးထွက်လေ ရနံ့ပိုသင်းလေးဖြစ်တဲ့ ရေမွှေးကို သိပ္ပံပညာရှင်တွေတီထွင်


ချွေးပိုထွက်လေ အနံ့ပိုထွက်လေဖြစ်တဲ့ ပထမဆုံး ရေမွှေး အမျိုးအစားကို ထုတ်လုပ်လိုက်ပြီကြောင်း ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။ Queen’s University Belfast မှ သုတေသီတွေက ဒီရေမွှေးအမျိုးအစားသစ်မှာ အစိုဓာတ်နဲ့ ထိတွေ့တဲ့အခါ အနံ့အသက်ပို ထုတ်ပေးကြောင်း ထုတ်ပြန်ချက် တစ်ခုမှုာ ပြောဆိုခဲ့ပါတယ်။

ရေမွှေးမှာ အနံ့အသက် မရှိဘဲ ဆားကို အရည်ပုံစံအဖြစ်နဲ့ ionic liquid ကို အသုံးပြုထားပါတယ်။ ရနံ့မရှိတဲ့ ionic liquid က ရေနဲ့ ထိတွေ့မှု ရတဲ့အခါ ရနံ့ထုတ်ပေးကာ လူတစ်ယောက်ရဲ့ အရေပြားသို့ ရေမွှေးရဲ့ ရနံ့ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒီရေမွှေးအမျိုးအစားသစ်က ကိုယ်အနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေး တယ်လို့ ဆိုထားပါသေးတယ်။

Victor - Trend Myanmar

မှတ်ချက်များ