အာနိုးဇာတ်ကားထဲက စာသားတွေနဲ့ သီချင်းဆိုတဲ့ ရော့ခ်အဆိုတော်အဖွဲ့


အမေရိကန်နိုင်ငံက ဆန်ဖရန်စ္စကိုမှာ အခြေစိုက်တဲ့ ရော့ခ်အဆိုတော်အဖွဲ့တစ်ဖွဲ့ဟာ နာမည်ကြီးအက်ရှင် မင်းသားအာနိုးပါဝင်ထားတဲ့ ဇာတ်လမ်းတွေထဲက စာသားတွေနဲ့ပဲ သီချင်းတွေ ဖန်တီးသီဆိုခဲ့တာကြောင့် လူသိများလာခဲ့ပါတယ်။ အဲဒီအဖွဲ့က သူတို့ကိုယ်သူတို့ ArnoCorps လို့ နာမည်ပေးထားပါတယ်။

သူတို့အဖွဲ့ရဲ့သီချင်းစာသားတွေက ၁၉၈၀ ကျော်ကာလမှာ နာမည်ကြီးခဲ့တဲ့ အာနိုးရဲ့ The Terminator, Predator နဲ့ Total Recall တို့လို ဇာတ်ကားတွေက အပြန်အလှန်ပြောစကားတွေနဲ့ ဇာတ်လမ်းဇာတ်အိမ် တွေကို အခြေခံထားတာ ဖြစ်ပါတယ်။

ArnoCorps အဖွဲ့ကို လက်ရှိမှာ အက်ရှင်စွန့်စားခန်းအခြေခံတဲ့ ခပ်ကြမ်းကြမ်းရော့ခ်အင်ရိုး ဂီတကို စတင် ပုံဖော်သူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ သူတို့အဖွဲ့ကို ၂၀၀၁ မှာ စတင်တည်ထောင်ခဲ့ပြီး အသေအ ချာ စစ်ရေးလေ့ကျင့်ထားတဲ့ ပုံစံမျိုးဖြစ်နေတဲ့ ရော့ခ်အဖွဲ့သားခြောက်ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့ဝင် တိုင်းမှာ နာမည်ဝှက်တွေနဲ့ သူရဲကောင်းဆန်တဲ့ နောက်ခံဇာတ်လမ်းတွေလည်း ရှိပါတယ်။ သူတို့ သီချင်း
တွေ သီဆိုတဲ့အခါမှလည်း တိုက်ရေးခိုက်ရေး လုပ်နေရတဲ့ ပုံစံမျိုး ၀တ်ဆင်လေ့ရှိပြီး သူတို့ရဲ့လေသံ က လည်း ခပ်မာမာနဲ့ ကိုယ်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့ပုံမျိုးနဲ့ ဖျော်ဖြေလေ့ ရှိပါတယ်။

၂၀၀၀ နဲ့ ၂၀၀၁ တို့မှာ ကိုယ်ပိုင်ထုတ်ဝေမှုနဲ့ အသံသွင်းမှုတွေ ပြုလုပ်ခဲ့ပြီး ပထမဆုံးခွေဖြစ်တဲ့ The Greatest Band Of All Time ကို ၂၀၀၅ မှာ ထုတ်ဝေခဲ့ရာမှာ အားပေးထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ စင်ပေါ်မှာ ဖျော်ဖြေရာမှာ ပရိသတ်တွေကို ခပ်ကြမ်းကြမ်းအော်ဟစ်မှုတွေနဲ့ စတီးမိုက်က ရိုဖုန်းတွေကို ကွှေးညွှတ်ပြီး ဖျော်ဖြေလေ့ရှိပေမယ့် သူတို့ကိုယ်သူတို့ လုပ်ကြံသတ်ဖြတ်သူတွေမဟုတ်ဘဲ ကယ်ဆယ်ရေး တပ်သားတွေလို့ ပြောကြားလေ့ရှိပါတယ်။

၂၀၁၃ မှာ ထွက်ရှိခဲ့တဲ့ The Fantastic EP ဆိုတဲ့ သီချင်းက စာသားတွေဆိုရင် အာနိုးရဲ့ Conan ဇာတ် ကား က စာသားတွေကို အခြေခံထားတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေမှာ ပရိသတ်တွေ အနေနဲ့ ကြည့်ရှု သူအနေအထားနဲ့တင်မကဘဲ ကိုယ်ပိုင်ကိုယ်ကျ ပါဝင်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ ပရိသတ်အချို့ကတော့ ArnoCorps အဖွဲ့ရဲ့သီချင်းတွေကို နားထောင်တိုင်း ဘ၀ရဲ့ရှုပ်ထွေးဆန်းကြယ်မှုကို သဘောပေါက်လာပြီး ကိုယ်ကိုယ်ကိုယ် သူရဲကောင်း ဒါမှမဟုတ် သူရဲကောင်းမ တစ်ယောက်လို ခံစား မိစေတယ်လို့ ဖွင့်ဟကြပါတယ်။ အခုဆိုရင် ArnoCorps အဖွဲ့ကို ဖျော်ဖြေပွဲတွေကို လေယာဉ်စီးပြီး လိုက်ပါအားပေးသူတွေတောင် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Planet Myanmar

မှတ်ချက်များ