၂၀၁၅ အတွက် သြဇာအကြီးမားဆုံး ပတ်စ်ပို့များ


သင်ဟာ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ သာမန်လူတစ်ယောက်ပဲ ဖြစ်ဖြစ်ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတ ခုကို သွားရမယ်ဆိုရင် ဗီဇာမဖြစ်မနေလိုလာပြီဖြစ်ပါတယ်။ သင်နေထိုင်တဲ့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှတဲ့ လုပ်ရပ်တွေ သိပ်မလုပ်ဘူးဆိုရင်တော့ ဗီဇာနဲ့ ကမ္ဘာလှည့်ဖို့ဟာ နည်းနည်းတော့ ပြဿနာ ရှိပါလိမ့်မယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေရှိရင်တောင်မှာ နှောင့်နှေးကြန့်ကြာတာမျိုး ဖြစ်တက်ပါတယ်

ဟန်းလေးနဲ့ အပေါင်းအပါများဆိုတဲ့ ကုမ္ပဏီက ကမ္ဘာအရပ်ရပ်က နိုင်ငံအသီးသီးရဲ့ ပတ်စ်ပို့တွေ ပါဝါကြီး မားပုံကို အဆင့်ခွဲခြားသတ်မှတ်ပေးခဲ့ပါတယ်။ ဒီအထဲမှာ နံပတ် ၁ ကအမေရိကန်နဲ့အတူ ဖင်လန်၊ ဂျာမနီ၊ ဆွီဒင်နဲ့ အင်္ဂလန်တို့ဖြစ်ပြီး ဒီနိုင်ငံသားတွေဟာ ဗီဇာလျှောက်စရာမလိုပဲ နိုင်ငံပေါင်း ၁၇၄ နိုင်ငံကို လှည့် လည်သွားလာနိုင်ပါတယ်။ ကနေဒါ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်နဲ့ တောင်ကိုရီး ယားနိုင်ငံတို့လည်း ထိပ်ဆုံးပိုင်းမှာ အသီးသီး ရပ်တည်နေကြပြီး ဒီနိုင်ငံတွေက ပတ်စ်ပို့ကို ကိုင်ဆောင်ထား သူတွေဟာ နိုင်ငံပေါင်း ၁၇၀ ကျော်ကို ဗီဇာကြိုတင်လျှောက်စရာမလိုပဲ သွားလာနိုင်ကြပါတယ်။

စစ်အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ကျူးဘားတို့က ထူးဆန်းစွာနဲ့ အဆင့်အောက်ဆုံးမှာ ရပ်တည်ခဲ့တာမဟုတ်ပါဘူး။ မြောက်ကိုရီးယားနိုင်ငံက နိုင်ငံပေါင်း ၈၆ နိုင်ငံကို သွားရောက်လည်ပတ် လို့ရပြီး ကျူးဘားကတော့ ၆၉ နိုင်ငံရှိပါတယ်။

အရှေ့အလယ်ပိုင်းဒေသက အာဖဂန်နစ္စတန်၊ အီရတ်၊ ပါကစ္စတန်နဲ့ ဆိုမာလီယာ နိုင်ငံတွေက ထုတ်ပေး ထားတဲ့ ပတ်စ်ပို့တွေကတော့ အောက်ဆုံးအဆင့်မှာသာ ရပ်တည်ကြရပါတယ်။ ဒီနိုင်ငံတွေကို ပျှမ်းမျှ အားဖြင့် ဗီဇာထတ်ပေးပေးတဲ့ နိုင်ငံ ကမ္ဘာပေါ်မှာ နိုင်ငံ ၃၀ လောက်ပဲရှိပါတယ်။ ဒါတောင် သူတို့အတွက် ဗီဇာလျှောက်ရတာဟာ အရမ်းကို ခက်ခဲလှပါတယ်။

၂၀၁၄ ခုနှစ်အတွက် ဒီစာရင်းကိုထုတ်ပြန်ခဲ့တုန်းကတော့ မြန်မာနိုင်ငံ ပတ်စ်ပို့ကို ကိုင်ဆောင်ထားသူဟာ ဆိုက်ရောက်ဗီဇာယူခွင့်ရှိတာ နိုင်ငံပေါင်း ၄၀ ပဲရှိပြီး အန်ဂိုလာ၊ အီရန်တို့နဲ့ အဆင့်သတ်မှတ်ချက် အတူတူ ဖြစ်ခဲ့ပါတယ်။

Planet Myanmar

မှတ်ချက်များ