ခရစ်ဘရောင်း ချိန်းတွေ့နေတာ ရီဟားနားရဲ့ အမွှာညီအစ်မလား


နာမည်ကြီးရက်ပါ ခရစ်ဘရောင်း လက်ရှိချိန်းတွေ့နေတဲ့ ကောင်မလေးဟာ အရင်တုန်းက တွဲဖူးတဲ့ အဆို
တော်မလေး ရီဟာနားနဲ့ အတော်လေး ဆင်တူနေတာကြောင့် ရီဟာနားနဲ့ လက်ရှိကောင်မလေးက အမွှာ ညီအစ်မတွေ ဖြစ်နေမလားလို့ မေးရမလို ဖြစ်နေပါတယ်။

ခရစ်ဘရောင်းနဲ့ ရီဟားနားတို့ဟာ လမ်းခွဲပြီးတဲ့နောက် တစ်ကြိမ်မှ ပြန်လည်တွေ့ဆုံတာမျိုး မရှိတော့ပေမယ့် ဘရောင်း လက်ရှိတွဲနေတဲ့ ကန်ဒိုက်စ်ဘရွတ်ဆိုတဲ့ ကောင်မလေးက ရီဟာနားနဲ့ အတော်လေး တူနေတာ ဖြစ်ပါတယ်။ ကန်ဒိုက်စ်ဟာ ဘရောင်းရဲ့ နယ်လှည့်ရှိုးပွဲတစ်ခုမှာ အတူဓါတ်ပုံရိုက်ပြီးတဲ့နောက် သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေပြီလို့ ဇာတ်လမ်းတွေ ထွက်လာခဲ့တာပါ။ ပြီးခဲ့တဲလကမှ ကာရူစီဆိုတဲ့ အမျိုးသမီးနဲ့ လမ်းခွဲ ခဲ့တဲ့ ဘရောင်းကတော့ သူ ချစ်သူသစ် ရနေပြီဆိုတဲ့ သတင်းကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါ တယ်။

ဘရောင်းဟာ ရီဟာနားနဲ့ ချစ်သူတွေ ဖြစ်နေတုန်းမှာ ချစ်သူကို မတရားအနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားရင်ဆိုင်ခဲ့ရပြီး ဒီအမှုက မကြာသေးမီကမှ ပြီးပြတ်ခဲ့ပါတယ်။ တရားသူကြီးက ဘရောင်းဟာ စွဲချက်
တွေ အတွက် လူမှုဆိုင်ရာ အကူအညီပေးမှုတွေ၊ အကြမ်းဖက်မှုအတွက် ပညာပေးမှု ခံယူတာ၊ ကျန်းမာရေး ထူထောင်စခန်းကို သွားရောက်ခဲ့တာတွေအပြင် လိုအပ်တဲ့ ကိစ္စအားလုံးကို လိုက်နာခဲ့တယ်လို့ အတည်ပြုခဲ့ ပါတယ်။

Planet Myanmar

မှတ်ချက်များ