လူငယ်လူရွယ်များကိုပါ ခြိမ်းခြောက်လာနေသော လေဖြတ်ခြင်း


လူငယ်လူရွယ်များဟာ လေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာမကျန်း ဖြစ် မှုတွေဟာ လာမယ့်၂၀၃၀ပြည့်နှစ် မှာ နှစ်ဆတက်လာနိုင်ဖွယ်ရှိကြောင်း သုတေသနတစ်ခုမှာ ဖော်ပြ ထားပါတယ်။ အသက်၂၀မှ၄၀အတွင်းရှိသူများမှာ လေဖြတ်ခြင်းကို ကြုံတွေ့ ခံစားလာရခြင်းဟာ လွန်ခဲ့ တဲ့နှစ်ပေါင်း၂၀ခန့်က ထက်လေဖြတ်သူစုစုပေါင်းမှာ ၃၁%ရှိလာတယ်လို့ ထိပ်တန်းဆေးပညာ ဂျာနယ် တစ်စောင် ဖြစ်တဲ့ The Lancet မှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ၁၉၉၀ ခုနှစ်တုန်းက၂၅% ပဲရှိရာကနေ တိုးလာတာဖြစ်ပါတယ်။

အသက်၂၀နှစ်အောက် လူငယ်တွေမှာ လေဖြတ်ခြင်းကို ခံစားရသူတွေဟာ နှစ်စဉ်နှစ်တိုင်းမှာ တစ်ကမ္ဘာ လုံးအရေအတွက်အရဆိုရင် ၈၃၀၀၀ ဦးရှိလာနေပြီး ဒါဟာလေဖြတ်ရောဂါရှင်တွေရဲ့ ၀.၅%ဖြစ်လာနေပါ တယ်။ WHO ကတော့ လေဖြတ်ခြင်းရဲ့ ခြိမ်းခြောက်မှုဟာ အသက်ကြီးတဲ့သူတွေကနေ အသက်ငယ် သူတွေဆီကို ရွေ့လာနေကြောင်း၊ ဒါဟာ ဘ၀နေထိုင်မှုပုံစံ မမှန်ခြင်းကြောင့် ဖြစ်ရကြောင်းကို ထောက်ပြ ထားပါတယ်။လူငယ်တွေမှာ ယမကာမှီဝဲ ခြင်း၊ အစားအစာများ ပိုငန်လာခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ကယ်လိုရီတွေ တက်လာခြင်းတွေဟာ လေဖြတ်နိုင်ချေကို ပိုများစေတဲ့ ဘ၀နေထိုင်မှု ပုံစံတွေပဲဖြစ်ပါတယ်။
ယခင်ကလေဖြတ်ခြင်းကို အသက် ၇၀ကျော် သက်ကြီးရွယ်အိုတွေမှာ ကာကွယ်ကုသမှုတွေလုပ်ခဲ့ရပေမယ့် အခုအချိန်မှာတော့ အသက် ငယ်ရွယ်သူတွေကိုပါ အခုအချိန်မှာ အာရုံစိုက်လာရပါပြီ။ နောက်ပြီး လူငယ်
တွေမှာ ဦးနှောက်သွေးကြောပေါက်လို့ဖြစ်ရတဲ့ လေဖြတ်ခြင်းဟာလည်း အရေအတွက် များလာနေပါတယ်။

ဒီလေ့လာမှုမှာတော့ လူငယ်တွေမှာလေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာမ ကျန်းဖြစ်မှုတွေဟာလာမယ့် ၂၀၃၀ပြည့်နှစ်မှာ နှစ်ဆတက်လာနိုင်ဖွယ်ရှိပြီး အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေနဲ့ အလယ်အလတ် ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေမှာ ပိုပြီးအဖြစ်များမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ အဲဒီ နိုင်ငံတွေ က လူငယ်တွေမှာ ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါး လာခြင်း၊ ဆေးလိပ်သောက်ခြင်းတွေ ပိုမိုမြင့်တက်လာခြင်းနဲ့ ဆက်စပ်နေပါတယ်။

သန့်စင် - AFP

မှတ်ချက်များ