စတုတ္ထမြောက် အော်ပရေတာအား လိုင်စင်ထုတ်ပေးရန် စီစဉ်နေ
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေတာအား လိုင်စင်ထုတ်ပေးရန် စီစဉ်နေကြောင်း ဆက်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“Royal ရတနာပုံလို့ ခေါ်ပါတယ်။ အဲဒီထဲမှာ ရတနာပုံတယ်လီပို့လည်း ပါမယ်။ တခြားလုပ်ငန်းအဖွဲ့တွေ လည်း ပါလိမ့်မယ်။ သူတို့ကို လိုင်စင်ထုတ်ပေးသွားဖို့ လုပ်နေပါ တယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။
အော်ပရေတာလိုင်စင် ထုတ်ပေးရန်အတွက် လိုအပ်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟုသိရ သည်။ မြန်မာနိုင်ငံ၏ စတုထ္ထမြောက် အော်ပရေတာဖြစ်လာမည့် Royal ရတနာပုံအနေဖြင့် ပြည် တွင်း ဒုတိယမြောက် အော်ပရေတာဖြစ်လာမည် ဖြစ်သည်။ Royal ရတနာပုံ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor ၊ Ooredoo စသည့် ကုမ္ပဏီလေးခုတို့ အော်ပရေတာလုပ်ငန်းများကို ယှဉ်ပြိုင်ဝန်ဆောင်မှု ပေး သွားမည်ဖြစ်သည်။
တယ်လီကွန်းအော်ပရေတာ လုပ်ငန်းဆိုသည်မှာ Fixed Lines ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း ဆက် သွယ်ရေးလုပ်ငန်း အပါအဝင် ဆက်သွယ်ရေးနှင့် ဆက်စပ်နေသော လုပ်ငန်းများအားလုံးကို အပြည့်အဝ လုပ်ကိုင်ခွင့်ရရှိမည့် အနေအထားဖြစ်ကြောင်းသိရသည်။
ထွန်းထွန်း - Internet Journal

မှတ်ချက်များ