အမေကျွန်မကို ရောင်းစားခဲ့တယ်




ကျွန်မအသက် ၁၂နှစ်သမီးက လမ်းမကြီးဘေးနားမှာ သူငယ်ချင်းတွေနဲ့  ကစားနေတုံးပေါ့... အမေရယ် လာခေါ်တယ် ၊သမီးအလုပ်သွားရမတဲ့..၊ အမေလက်ဆွဲခေါ်တဲ့နောက်လိုက်ခဲ့ရတယ်။

အကိုကြီးက ၁၄နှစ် ..ရောင်းကုန်တွေကို လက်တွန်းလှည်းပေါ်တင်ပြီး တနေကုန်တွန်းပို့ တဲ့အလုပ်ဝင်နေ ရပြီ၊ ကျွန်မတို့ မောင်နှမတွေကျောင်းမတက်နိုင်ပါဘူး၊အမေကလဲ အလုပ်မရှိလေ ၊မွေးကထဲက အဖေကို မမြင်ဘူးခဲ့ပါ။

အလုပ်ရပြီဆိုတော့ ကျွန်မတို့ မိသားစု အတွက် အဆင်ပြေမယ် လို့ တွေးမိပါ တယ်၊
အမေကလေ ကျွန်မ မသိတဲ့လူကြီးတယောက်နောက်ကို ဆိုင်ကယ်ပေါ် တင်ပေးပြီး နင်လိုက်သွားတဲ့၊ မှတ်မိတာ အဲ့လူကြီးခေါ် သွားတာ တည်းခိုခန်းတခုဖြစ်မှာ ။ ...ကျွန်မအရန်းကြောက်တယ်.. သွေးပျက်ခဲ့တဲ့ညလေ....နှစ်ရက်လောက် လူခြောက်ယောက်လောက် မုဒိန်းဝိုင်းကျင့်ကြတယ် ၊ဘာမှကျွန်မမသိ ငိုသာငိုနေရတယ် ..အမေရယ် ရက်စက်လိုက်တာ ဒေါ်လာ ၄၀၀(ကျပ်လေး သိန်း) နဲ့ ကျွန်မရဲ့  အပျိုဘ၀ ကိုေ ရာင်းစားလိုက်တာကိုး။

အမေသိရဲ့ လား လာခေါ်တဲ့သူကြီးက ဒေါ်လာ ၁၅၀၀ တောင်ရသွားတာ-အပျိုဘ၀ဖျက်ရအောင် စပ်ပေးတဲ့ပွဲစားနဲ့  တယောက် တ၀က်ခွဲယူကြတာလေ။
အဲ့ဒိကစ ပြည့်တန်ဆာရုံတွေ တရုံပြီးတရုံပြောင်းပြီး နေလာခဲ့တာ အိမ်နဲ့ မိုင်ပေါင်း ရာနဲ့ ချီဝေးတဲ့အရပ်တွေမှာ လိင်ဖျော်ဖြေရေးဘ၀နဲ့  ဘ၀ဆက်ခဲ့ရတယ် ။
ခုတော့ ၁၄နှစ်မှာ လိင်ကျွန် ငရဲက လွတ်ပြီ။ကျွန်မနဲ့  အတူ ဒုက္ခခံနေရတဲ့ သူငယ်ချင်းတွေနဲ့ အတူပါဘဲ ကယ်တင်တဲ့ သူတွေဆီ ဂေဟာတွေ မှာ ရောက်နေကြပြီ-ကျွန်မကျောင်းနေမယ်လို့ ဆုံးဖြတ်ထားပါတယ် ..စာမှမတတ်တာကို ။

(ကမ္ဘောဒီးယားမှ ထိုင်းနိုင်ငံ နယ်စပ်မြို့ များတွင် ရောင်းစားခံ ရသည့် မိန်းခလေးများအကြောင်းအား မှတ်တမ်းရိုက်ကူးထားသည့် Everyday in Cambodia ဆု၇ ဇတ်လမ်းအား ကိုးကား၍ ရေးသားပါသည် ။)

Social Action for Women - SAW
Community Organization

မှတ်ချက်များ