မိမိကြောင်က မိမိကို စိတ်ဖောက်စေတယ်လို့ သိပ္ပံပညာရပ်တွေက ဆို


ကြောင်ချေးမှာ ရှိနေတတ်တဲ့ toxoplasma gondii ကပ်ပါးကောင်တွေဟာ လူ ၃ မီလီယံမှာလည်း ရှိနေကြောင်း သုတေသနပြုချက်မှာ မကြာသေးမီက ဖော်ပြထားပါတယ်။ နောက်လေ့လာမှု တစ်ခုက လူ၅ ယောက်မှာ ၁ ယောက် က ဒီ ကပ်ပါးကောင် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ကပ်ပါးကောင်တွေဟာ မိမိဦးနှောက်ထဲမှာ နေပြီး မိမိအမူအကျင့်ကို ထိန်းကျောင်းနိုင်တာကြောင့် ပြသ နာတစ်ခုရှိနေပါတယ်။ သုတေသနပြုချက်အရ ယင်းကပ်ပါးကောင်ရှိတဲ့ လူတွေဟာ မိမိကိုယ်ကိုအပြစ်မြင်၊ စိတ်မူမမှန်ဖြစ်ပြီး လိပ်ပြာမလုံ ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။

ယောက်ျား၊ မိန်းမဖြစ်မှုပေါ်မူတည်ပြီးတော့လည်း ရောဂါလက္ခဏာ ကွဲပြားနိုင်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေ ဟာ ပျော်ပျော် ပိုနေတတ်လာတယ်၊ တာဝန်သိ၊ ဇွဲပိုရှိလာပြီး စာရိတ္တပိုင်းမှာ ပိုကောင်း လာကြတယ်။ အမျိုးသားတွေ အနေနဲ့ကျတော့ စိတ်လိုက်မာန်ပါ လုပ်တာ၊ သံသယနဲ့ မနာလိုဝန်တိုမှုတွေ ပိုဖြစ်လာကြတယ်။ ဝမ်းနည်းစရာကောင်းတာက ဒီ toxoplasmosis အတွက် ဆေးမရှိဘူးလို့ ဆိုပါတယ်။

Trend Myanmar

မှတ်ချက်များ