ဗီတာမင်ဒီနဲ့ ဟေမိုဂလိုဘင်တို့ရဲ့ ဆက်စပ်နေမှုကို လေ့လာခဲ့တာ ဖြစ်ပြီး ဗီတာမင်ဒီဟာ ရိုးတွင်းခြင်ဆီထဲ က သွေးနီဥထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ပြီး သွေး အားနည်းခြင်းကို ကာကွယ်စေမယ့် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်းလည်း ဗီတာမင်ဒီမှာရှိနေပါတယ်။
ဒီလေ့လာမှုမှာ သုတေသီတွေဟာ ကလေးငယ် ၁၀၄၀၀ဦးရဲ့ သွေးနမူနာတွေကို ရယူကာ ဓာတ်ခွဲစမ်း သပ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ရလဒ် များအရတော့ ဗီတာမင်ဒီချို့တဲ့နေတဲ့ ကလေးငယ်တွေမှာ ဟေမိုဂ လိုဘင် ပမာဏပါ ကျဆင်းနေတာကိုတွေ့ ရပါတယ်။ ဒီအခါမှာ သွေးအားနည်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါ တယ်။ကလေးငယ်တွေမှာ ဗီတာမင်ဒီ ပမာဏ30 nangrams/mm ထက်နည်းရင် သွေးအားနည်းရောဂါ ရနိုင်တယ်လို့ သုတေသီတွေက ပြောကြား ထားပါတယ်။
ဒီလေ့လာမှုကို Journal of Pediatrics မှာ ဖော်ပြထားပါတယ်။
သက်နှင်း - Health Updates Journal
သက်နှင်း - Health Updates Journal

မှတ်ချက်များ