တရုတ် လုံခြုံရေးအရာရှိချုပ်ဟောင်းကို လာဘ်စားမှုဖြင့် စွဲချက်တင်
တရုတ်နိုင်ငံ ပြည်တွင်းလုံခြုံရေးအရာရှိချုပ်ဟောင်း ဇူယုံကန်း (Zhou Yongkang) ကို လာဘ်စားမှု၊ အာ ဏာအလွဲသုံးစားမှု၊ နိုင်ငံတော်လုံခြုံရေး ပေါက်ကြားစေမှုတွေနဲ့ ဒီနေ့ စွဲချက်တင်လိုက်ပြီလို့ နိုင်ငံပိုင် ဆင် ဟွာသတင်းဌာနက ကြေညာပါတယ်။
အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဇူဟာ အရင်က တရုတ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့ ၉ ဦးပါ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်ခဲ့တာပါ။
၂၀၁၂ ခုနှစ်မှာ ရာထူးတာဝန်ကနေ အနားယူခဲ့တာ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်မှာတော့ သူ့အပေါ် ရာဇ၀တ် မှုနဲ့ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး တဆက်တည်း တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင်အဖြစ်ကလည်း ထုတ်ပယ်ခံ ခဲ့ရပါတယ်။
ဇူယုံကန်း စိချွမ်းပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူးဖြစ်ချိန်တုန်းကနဲ့ တရုတ်နိုင်ငံ စွမ်းအင်နဲ့ ရေနံဝန် ကြီးဖြစ်ချိန်တုန်းက သူနဲ့ နီးစပ်ခဲ့သူတွေဟာ သမ္မတ ရှီကျင့်ပင်းရဲ့ အဂတိတိုက်ဖျက်ရေး စီမံချက်အတွင်း စစ်ဆေးရုံးတင်ခံရ၊ ဖမ်းဆီးချုပ်နှောင်ခံထားကြရပြီး ဖြစ်ပါတယ်။
အခုတော့ သူရဲ့ လက်ရင်းတပည့် ချုံကင်း(Chongqing) ပြည်နယ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဘိုရှီလိုင် (Bo Xilai) လည်း ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်တဦးကို သတ်ဖြတ်မှုနဲ့ ဆက်နွှယ်ပြီး အကျဉ်းချ ခံထားရပါတယ်။
ဇူရဲ့ အမှုစွဲချက်ကို နိုင်ငံမြောက်ပိုင်းက တီယန်ကျင်းမြို့တရားရုံးကို လွှဲပေးလိုက်ပြီလို့ ဆင်ဟွာသတင်း ဌာနက ကြေညာပေမယ့် ရုံးထုတ်မယ့်ရက်အတိအကျကိုတော့ ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ပါဘူး။
DVB

မှတ်ချက်များ