စင်ကာပူနိုင်ငံတွင် လက်ထပ်ပြီးသည့် အသက်ငယ်ရွယ် သူများအကြား ကွာရှင်းပြတ်စဲမှု နှစ်ဆခန့်မြင့်တက်


စင်ကာပူနိုင်ငံတွင် လက်ထပ်ပြီးသည့် အသက်အရွယ် ငယ်ရွယ်သူများ အကြား ကွာရှင်း ပြတ်စဲမှုသည် နှစ်ဆခန့် မြင့်တက် လာခဲ့ကြောင်း ယင်းနိုင်ငံရှိ လူမှုရေးနှင့် မိသားစု ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန (MSF) က ယမန်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ကွာရှင်းပြတ်စဲသူ ဇနီးမောင်နှံ အများစုမှာ အသက် ၂ဝ မှ ၂၄ နှစ်အရွယ်ရှိ လူငယ်များ ဖြစ်ပြီး နိုင်ငံ အတွင်း ၌ ၁၉၈၇ ခုနှစ်တွင် ဇနီးမောင်နှံ စုစုပေါင်း ၈ ဒသမ ၇ ရာခိုင်နှုန်း ခန့်သာ ကွာရှင်း ခဲ့သော်လည်း ၂ဝဝ၃ ခုနှစ်တွင် ကွာရှင်း ပြတ်စဲနှုန်းမှာ ၁၆ ဒသမ ၁ ရာခိုင်နှုန်း အထိ မြင့်တက် လာခဲ့သည်။

အာဏာပိုင် များ၏ ထုတ်ပြန်ချက် အရ အသက် ၂၅ နှစ်အောက် အရွယ် အိမ်ထောင်ရှင် များ၏ ကွာရှင်း ပြတ်စဲမှုမှာ အသက်အရွယ် ကြီးသော စုံတွဲများ ၏ ရာခိုင်နှုန်း ထက် ပိုမို မြင့်တက်လျက် ရှိသည်။

အလားတူ ၁၉၉၈ ခုနှစ်တွင် လက်ထပ် ထိမ်းမြားခဲ့သည့် စုံတွဲဦးရေ၏ ၃၃ ရာခိုင်နှုန်းမှာ ၄င်းတို့၏ အိမ်ထောင်သက် ၁၅ နှစ်မပြည့်မီ ကွာရှင်း ခဲ့ကြကြောင်း နှင့် ကွာရှင်း ပြတ်စဲသူ ဦးရေများ အနက် အစ္စလာမ် ဘာသာဝင် များ၏ ဦးရေမှာ ပိုမိုမြင့်မားလျက် ရှိကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ