ထီးချိုင့်မြို့နယ် နေပူတောင်အဆင်းတွင် ခရီးသည်ယာဉ်တိမ်းမှောက်


စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ထီးချိုင့်မြို့နယ် နေပူတောင် အဆင်းတွင် ဗန်းမော်မန်း ခရီးသည် ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အမှုမှာ ဧပြီ ၃ ရက် ည ၁၁ နာရီခန့်က ထီးချိုင့်မြို့နယ် နေပူ တောင်အဆင်းတွင် မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာလာသော ဗန်းမော်မန်း ခရီးသည်ယာဉ်သည် နေပူတောင်အဆင်း တံတားအမှတ် ၁/၁၁၄ အနီး ယာဉ်သည် ဘရိတ် ပေါက်၍ တိမ်းမှောက်ခဲ့ပြီး ယာဉ် မောင်းဖိုးရှမ်း(ခ)ရှမ်းလေးမှာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာ သော ခရီးသည် ၁၃ ဦးမှာ ဒဏ်ရာ များရရှိခဲ့ကြောင်း
နှင့် အဆိုပါယာဉ် တိမ်းမှောက်မှုကို အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်မှ ဒဏ်ရာရရှိသူများအား အင်းတော်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း၊ PERFECT သောက်ရေသန့် မိသားစုမှလည်း ဒဏ်ရာရရှိသူများကို အစား အသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုနိုင်(အင်းတော်) - Myanmaalinn

မှတ်ချက်များ