အရှေ့အလယ်ပိုင်းဒေသဟာ တတိယ ကမ္ဘာစစ်ကြီးတောင် စတင်ဖြစ်လာနိုင်စရာရှိတဲ့ ဒေသလို့ နိုင်ငံရေး အကဲခတ်တွေက တွက်ချက်ခန့်မှန်းခဲ့တဲ့ ဒေသတခု ဖြစ်တယ်ဆိုတာကို နိုင်ငံတကာပြည်သူတွေ သိရှိထား ခဲ့ကြပြီး ဖြစ်ပါတယ်။
ယီမင်ဟာ အရင်က ဒီမိုကရက်တစ်သမ္မတယီမင်နိုင်ငံ နဲ့ အာရပ်သမ္မတ ယီမင်နိုင်ငံရယ်လို့ ကွဲပြားခဲ့တဲ့ နိုင်ငံ တခုဖြစ်ပြီး မြောက်ဘက်မှာ ဆော်ဒီအာရေဗျ နိုင်ငံနဲ့ အရှေ့ဘက်မှာတော့ အိုမန် နိုင်ငံတို့ တည်ရှိနေ ပါတယ်။
ပထ၀ီ အနေအထားအရ အရှေ့အလယ်ပိုင်းဒေသရဲ့ မဟာဗျူဟာကျတဲ့ နေရာမှာ တည်ရှိနေတဲ့ အတွက် ရောမတွေရဲ့သိမ်းပိုက်တာကို ခံခဲ့ရဖူးသလို အော်တိုမန်အင်ပါယာ အောက်ကိုလည်း ကျရောက်ခဲ့ရဖူး တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
![]() |
| ဓာတ်ပုံ (ရိုက်တာ) |
ထောင် ခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်မှာတော့ အာဏာခွဲဝေရေး ပြဿ နာတွေအပေါ် အခြေခံပြီး ဆိုးဝါးပြင်းထန်တဲ့သ ဘောထားကွဲ မှုတွေ ဖြစ်ပေါ်လာခဲ့တာနဲ့ တပြိုင်နက် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ရပါတယ်။
အဘက်ဘက်ကအသာစီးရထားခဲ့တဲ့ မြောက်ပိုင်းတပ်တွေက တောင်ပိုင်းတပ်တွေကို အောင်ပွဲခံခဲ့ ပြီးနောက်ပိုင်းမှာ အောင်ပွဲရ မြောက်ပိုင်းက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံရေးအရ ဒီမိုကရေစီကို အကာအကွယ်ပေးပါမယ်လို့ ကမ်းလှမ်း ကတိပြု အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်လာခဲ့ပါတယ်။ ဒါက သမိုင်းအကျဉ်းဖြစ်ပါတယ်။
၁၉၉၇ ဧပြီလမှာတော့ သမ္မတရဲ့ အများပြည်သူ့ကွန်ဂရက်ပါတီက လွှတ်တော်ရွေးကောက်ပွဲတွေမှာ အကြီး အကျယ် အနိုင်ရခဲ့ပြီး အဲဒါဟာ ပြည်တွင်းစစ်စကတည်းက ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါ တယ်။
၁၉၉၄ ခုနှစ်မှာတော့ အာဏာခွဲဝေရေး ပြဿ နာတွေအပေါ် အခြေခံပြီး ဆိုးဝါးပြင်းထန်တဲ့သ ဘောထားကွဲ မှုတွေ ဖြစ်ပေါ်လာခဲ့တာနဲ့ တပြိုင်နက် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ရပါတယ်။
အဘက်ဘက်ကအသာစီးရထားခဲ့တဲ့ မြောက်ပိုင်းတပ်တွေက တောင်ပိုင်းတပ်တွေကို အောင်ပွဲခံခဲ့ ပြီးနောက်ပိုင်းမှာ အောင်ပွဲရ မြောက်ပိုင်းက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံရေးအရ ဒီမိုကရေစီကို အကာအကွယ်ပေးပါမယ်လို့ ကမ်းလှမ်း ကတိပြု အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်လာခဲ့ပါတယ်။ ဒါက သမိုင်းအကျဉ်းဖြစ်ပါတယ်။
၁၉၉၇ ဧပြီလမှာတော့ သမ္မတရဲ့ အများပြည်သူ့ကွန်ဂရက်ပါတီက လွှတ်တော်ရွေးကောက်ပွဲတွေမှာ အကြီး အကျယ် အနိုင်ရခဲ့ပြီး အဲဒါဟာ ပြည်တွင်းစစ်စကတည်းက ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါ တယ်။
![]() |
| ဓာတ်ပုံ (ရိုက်တာ) |
အုပ်စုခေါင်းဆောင် ဇေအင်း အယ်လ် အဘီဒင်း အယ်လ် မီးဒါ က ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အစိုးရ အရာရှိတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ စစ်သွေးကြွတွေရဲ့ ဦးတည်ချက်က အစိုးရကို ဖြုတ်ချဖို့နဲ့ ယီမင်ကို အစ္စလမ် နိုင်ငံတခုအဖြစ် ပြောင်းလဲနိုင်ဖို့ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ ကျင်းပတဲ့ သမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ သမ္မတဆာလေ ပြန်လည်ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး ၂၀၀၇ ခုနှစ် မတ်လမှာ သမ္မတ ဆာလေက မူဟာမက်မူဂျာဝါကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး အစိုးရဖွဲ့စေခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ လမှာတော့ ဟူသီလှုပ်ရှားမှုလို့ခေါ်တဲ့ မြောက်ပိုင်းယီမင် အုပ်စုနဲ့ အစိုးရတို့ အပစ်ရပ် စာချုပ် တခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တလလောက်မှာပဲ အပစ်ရပ်စာချုပ် ပျက်သွား ခဲ့ပြီး ၂ဖက်အုပ်စုတွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။
![]() |
| ဓာတ်ပုံ (ရိုက်တာ) |
၂၀၀၉ ခုနှစ် သြဂုတ်လမှာ အစိုးရ စစ်တပ်က သူပုန်တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ခြောက်ခြားစရာ လက်တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်ကစပြီး တိုက်ပွဲတွေကြောင့် လူပေါင်း ၅၀၀၀၀ လောက် နေရာရွှေ့ပြောင်းခံခဲ့ရပြီး ၁၅၀၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အစိုးရကတော့ ဟူသီတွေကို အီရန်နိုင်ငံဆီက အကူအညီရယူတယ်လို့ စွပ်စွဲခဲ့ပြီး သူပုန်တွေဘက်က ယီမင်အစိုးရကို ဆော်ဒီအာရေဗျ နိုင်ငံ ကျောထောက်နောက်ခံပေးထားတယ်လို့ အခိုင်အမာ ပြန်လည် စွပ်စွဲခဲ့ပါတယ်။ သူပုန်အုပ်စုဟာ ရှီရာ အစ္စလာမ် အုပ်စုခွဲတခုဖြစ်ပါတယ်။
၂၀၀၈ စက်တင်ဘာလ မြို့တော် ဆင်နာမှာရှိတဲ့ အမေရိကန်ပြည်ထောင်စု သံရုံးကို ကားဗုံးခွဲ၊ ရော့ကက် နဲ့ တိုက်ခိုက်တာခံခဲ့ရပြီး အရပ်သား ၄ ယောက်အပါအ၀င် လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး သံသယ ဖြစ်ခံရသူ အယ်လ်ကိုင်ဒါ စစ်သွေးကြွ ၂၅ ယောက် အဖမ်းခံခဲရပါတယ်။
အဲဒီ အခြေအနေတွေအောက်မှာ ယီမင်ဟာ အားနည်းတဲ့ နိုင်ငံတခုအဖြစ် ဆက်ရှိနေခဲ့ပြီး အယ်လ်ကိုင်ဒါ စစ်သွေးကြွတွေကို မွေးထုတ်ပေးရာ တခုလည်း ဖြစ်နေပါတယ်။
![]() |
| ဓာတ်ပုံ (ရိုက်တာ) |
ဟူသီတွေက ယီမင်နိုင်ငံရဲ့ မတည်ငြိမ်တဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ မြို့တော် ဆာနာရဲ့မြောက်ဘက် ၄၅ မိုင်အကွာက မြို့ကြီးတမြို့ဖြစ်တဲ့ အမ်ရန် ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
သြဂုတ်လမှာတော့ ဟူသီခေါင်းဆောင်တွေက ဆင်းရဲသားတွေကို ကူညီထောက်ပံ့ထားတဲ့ ထောက် ပံ့ငွေကြေးတွေကို ရပ်ဆိုင်းပစ်ဖို့ ဆုံးဖြတ်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီလိုတောင်းဆိုလိုက်တဲ့အတွက် ဟူသီတွေကို ရှီယာ နဲ့ ဆွန်နီလူထုတွေရဲ့ ထောက်ခံမှုကို ပိုပြီးရရှိသွားစေ ပါတယ်။ စက်တင်ဘာလအစောပိုင်းမှာတော့ ဟူသီတွေဟာ မြို့တော်ကိုဝင်ရောက်လာခဲ့ပြီး စခန်း တည်ဆောက်ခဲ့ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာ သမ္မတ ဟာဒီက ဟူသီတွေကို ၀န်ကြီးချုပ် ဖြစ်ခွင့်ပေးထားတဲ့ အစိုးရသစ် တရပ်ဖွဲ့စည်းဖို့ သဘောတူညီခဲ့ပါတယ်။
![]() |
| ဓာတ်ပုံ (ရိုက်တာ) |
နောက်ရက်ပိုင်းတွေမှာတော့ မြို့တော်ဆာနာမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သူပုန်တွေပြန်ပြီး တိုက်ပွဲဖြစ် ခဲ့ကြပြီး ဟူသီတွေက ဆာနာကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒါဟာ ဟူသီတွေအတွက် လှပတဲ့ အောင်ပွဲတ ခုဖြစ်ခဲ့သလို ဟာဒီအတွက်လည်း အရေးပါတဲ့ ထိုးနှက် ချက်တခုဖြစ်ခဲ့ရပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ကုလသမဂ္ဂက ၂ ဖက်ကြားမှာ ငြိမ်းချမ်းရေးရဖို့ ကြားဝင်စေ့စပ်ပေးခဲ့ ပါတယ်။ ဟူသီတွေက ဆာနာက ဆုတ်ခွာပေးဖို့သဘောတူခဲ့ပြီး ဟာဒီက လောင်စာဆီအပေါ် အစိုးရ စိုက်ထုတ်ထောက်ပံ့ငွေ ပြန်ပေးဖို့နဲ့ အရှိန်အ၀ါရှိသူ အမျိုးသားအစိုးရ တရပ်ဖွဲ့စည်းဖို့ သဘောတူညီခဲ့ပါ တယ်။
နောက်ပိုင်းမှာ ဟူသီတွေက ဆာနာက ဆုတ်ခွာပေးဖို့ ငြင်းဆန်ခဲ့ပြီး မြို့တော်ကို ပိုမိုချဲ့ထွင်ထိန်းချုပ်လာရင်း အစိုးရရဲ့သြဇာကို လျှော့ပါးနိမ့်ကျ လာစေခဲ့ပါတယ်။ ဟူသီသူပုန်တွေနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေဟာ ၂၀၁၅ ခု ဇန်န၀ါရီလ မှာ ပိုပြီး ပြင်းထန်လာခဲ့ပြီး ဟူသီတွေက သမ္မတ နန်းတော်ကို ၀ိုင်းရံပိတ်ဆို့ထားနိုင်တဲ့ အထိ ဖြစ်လာပါတယ်။
![]() |
| ဓာတ်ပုံ (ရိုက်တာ) |
ဒီအခြေအနေတွေကို ကုလသမဂ္ဂက အမျိုးမျိုးကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပေမယ့် မအောင်မြင် ခဲ့ဘဲ ပြည်တွင်းစစ်မီးဟာ ဆက်လက်လောင်မြိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။
မတ်လ ၂၅ ရက် နေ့က စတင်ပြီးတော့ ယီမင်အစိုးရရဲ့ အကူအညီတောင်းခံမှုအရ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က အေဒင်မြို့ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့ ဟူသီသူပုန်တွေကို ဗုံးကြဲတိုက် ခိုက်ခဲ့တဲ့အတွက် အရပ်သားအတော်များများ သေဆုံးခဲ့ရပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးက “ယီမင်ဟာ ပြိုပျက်လု နီးနီးဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။
သူက “လွန်ခဲ့တဲ့ ၄ ရက်ကစပြီး အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီး ယီမင်ရဲ့ အခြေအနေဟာ အလွန့် အလွန်ကို ထိတ်လန့်ပူပင်စရာ ကောင်းနေပါပြီ” လို့လည်း ပြောခဲ့ပါတယ်။
![]() |
| ဓာတ်ပုံ (ရိုက်တာ) |
ကယ်ဆယ်အကူအညီပေးတဲ့အဖွဲ့တွေကတော့ လေကြောင်း၊ ရေကြောင်းက ပိတ်ဆို့မှု တွေ လုပ်နေတဲ့ အတွက် သေဆုံးမှုတွေ များလာတဲ့အချိန်မှာပဲ အပြင်းအထန်လိုအပ်နေတဲ့ အကူအညီတွေကို ပေးပို့ဖို့ မဖြစ်နိုင်သလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာအဖွဲ့ကြီးက ဆော်ဒီခေါင်းဆောင် မဟာမိတ်အဖွဲ့ကို အရပ်သားသေ ဆုံး မှုတွေကို မျက်နှာလွှဲခဲပစ်လုပ်နေတာ ဖြစ်တယ်လို့ စွပ်စွဲလိုက်သလို ယီမင်မြောက်ပိုင်းက နေရာရွှေ့ပြောင်း ခံရသူတွေရဲ့ စခန်းတခုကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်တာ လို့လည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ဂရက်အယ်လ်ဒါက “လူသားချင်းစာနာထောက်မှု ဆိုင်ရာ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာတွေနဲ့ ၀န်ထမ်းတွေ နိုင်ငံထဲ ရောက်နိုင်မယ့် နည်းလမ်းတွေရှာဖွေဖို့ ကျနော်တို့ အရေးတကြီး လိုအပ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။
![]() |
| ဓာတ်ပုံ (ရိုက်တာ) |
တခြားပြည်တွင်းစစ်မီး တောက်လောင်နေဆဲ နိုင်ငံတွေအနေနဲ့လည်း ဟေတီ နမူနာကို သင်ခန်းစာ အဖြစ် ယူပြီး တိုင်းပြည်နဲ့ ပြည်သူလူထု အပေါ် တကယ့်စေတနာထားပြီး ငြိမ်းချမ်းရေး ရှိဖို့ ကြိုးစားသင့်ပါတယ်။
DVB








မှတ်ချက်များ