ခရီးသည်ယာဉ်အား ဝင်တိုက်၍ ဆိုင်ကယ်မောင်းသူသေဆုံး
မွန်ပြည်နယ် သထုံမြို့တွင် ဧပြီ ၄ ရက် ည ၁၁ နာရီခွဲအချန်ခန့်က ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်ချိုးကွေ့ ရာမှ ခရီးသည်တင်မှန်လုံ ယာဉ်အားတိုက်မိရာ ဆိုင်ကယ် မောင်းနှင်သူမှာ နေရာတွင် သေဆုံးကာ နောက်မှလိုက်ပါစီးနင်းသူမှာ ထိခိုက်ဒဏ်ရာ များရရှိခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သထုံမြို့ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် အမှတ် (၁၅ဝ/၅)နှင့် (၁၅ဝ/၆) အကြားတွင် မြသပိတ်ဘုရားလမ်းမှ အဝေးပြေး လမ်းမပေါ်သို့ ကျိုက္ကော်၊ ပဲခူးစုပိုင်းတွင် နေထိုင်သည့် အောင်ကျော်သူ မောင်းနှင် ပြီးနောက်တွင် အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းလာသော အမဲရောင် Wave အမျိုး အစား ဆိုင်ကယ်မှာ အရှိန်ဖြင့် မောင်းနှင်ချိုးကွေ့စဉ် မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရွှေစင်စင်္ကြာ ခရီးသည်တင် မှန်လုံယာဉ်၏ ယာဘက်ရှေ့မီးလုံးဖြင့် တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ကာ မောင်းသူ အောင်ကျော်ထွန်းမှာ နေရာတွင် သေဆုံးခဲ့ပြီး နောက်မှလိုက်ပါသူ မမိုးစန္ဒာမှာ ပွန်းပဲ့ဒဏ်ရာ များ(မစိုးရိမ်ရ) ရရှိခဲ့သည်။
သက်ဦး(သထုံ) - The Mirror Daily

မှတ်ချက်များ