ချစ်သူရည်းစားရှိပြီးသား အမျိုးသားတွေဟာ ရည်းစားမရှိသူတွေထက် အမျိုးသမီးတွေကို ပိုမိုဆွဲဆောင်နိုင်


လူဆိုတာ ကိုယ်မရှိတာကိုမှ လိုချင်တတ်ကြတယ် မဟုတ်ပါလား။ ဒီတော့ ဆိုလိုချင်တာက အိမ်ထောင် ကျပြီးသား အမျိုးသားတွေ၊ ဒါမှမဟုတ် ရည်းစားရှိပြီးသား အမျိုးသားတွေကိုသာ မိန်းကလေးတွေက စိတ် ၀င်စားတတ်ကြတာလား။ ဒီအချက်က မှားယွင်းကောင်း မှားယွင်းနေနိုင်ပေမယ့် ချစ်သူရည်းစား ရှိနေပြီး သား အမျိုးသားတွေဟာ အမျိုးသမီးတွေကို ပိုဆွဲဆောင်နိုင်ကြပါတယ်။

စစ်တမ်းကောက်ချက်၊ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ ခုနပြောသလို မလွတ်မကင်း ချစ်သူရှိပြီးသား အမျိုးသားတွေကို ပိုမိုငြိတွယ်တတ်ကြပါတယ်။ ဒီလေ့လာချက်ကို Experimental Psychology က ဖော်ပြထားခဲ့တာဖြစ်ပြီး အမျိုးသမီးအများစုရဲ့ အတွင်းစိတ်သဘောကို ဖော်ဆောင် သွားခဲ့တဲ့အချက်ပါ။

ပိုပြီးတိတိကျကျ ပြောသွားတာကတော့ ချစ်သူရည်းစားရှိပြီးသား အမျိုးသားတွေဟာ မရှိတဲ့သူတွေထက်
တော့ အမျိုးသမီးအတွက် ဆွဲဆောင်အားတစ်ရပ်ရှိနေတယ် ဆိုတာမျိုးပါ။ ဒီအချက်ဟည Facebook လို လူမှုကွန်ယက်မှာ relationship status ကြီး တင်ထားလည်း ကိုယ်ကြိုက်ချင်ရင် ကြိုက်မှာပဲ ဆိုတာမျိုးတွေ ရှိနေကြတယ်ဆိုတာ ပိုလို့တာင် ပေါ်လွင်သွားစေပါသေးတယ်။ ဒီကိစ္စက နည်းနည်းရှုပ်ထွေးနေပေမယ့် လေ့လာချက်သုံးခုစလုံးက အတိအကျကို ပြောဆိုထားတာ တွေ့ရပါတယ်။

ဟန်နီ - Trend Myanmar

မှတ်ချက်များ